ဖယ်ခုံမြို့နယ် PDF သင်တန်းဆင်း အခမ်းအနား လက်နက်ကြီးပစ်ခံရ

ဖယ်ခုံမြို့နယ် PDF သင်တန်းဆင်း အခမ်းအနား လက်နက်ကြီးပစ်ခံရ

သျှမ်းပြည်တောင်းပိုင်း ဖယ်ခုံမြို့နယ် လွယ်ပေါတွင် ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ရင်း (၂) မှ သင်တန်းဆင်းပွဲ ပြုလုပ်နေချိန် စစ်ကောင်စီဘက်မှ  လက်နက်ကြီးဖြင့် လှမ်းပစ်ခဲ့ကြောင်းစုံစမ်းသိရှိရသည်။

ယနေ့ (ဧပြီ ၁၈)ရက်  မနက် ၉ နာရီခွဲကျော်တွင် ဖယ်ခုံ  PDF တပ်ရင်း (၂) သင်တန်းဆင်းပွဲ အခမ်းအနားလုပ်ချိန် စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် လှမ်းပစ်သွားကြောင်းသိရသည်။

“ ဒီနေ့ မနက် ၉ နာရီကျော်လောက်မှာ ထွေအုပ်ရုံးကနေပစ်သွားတာ။ PDF တွေက အခမ်းအနားလား၊ သင်တန်းဆင်းပွဲလုပ်နေတဲ့အချိန်မှာ စစ်ကောင်စီက လှမ်းပစ်သွားတာ။ ထွေအုပ်ရုံးကနေ ပစ်သွားတာ။ လက်နက်ကြီးနဲ့ ပစ်တာ။ ၁၂၀ မမ နဲ့ ပစ်သွားတာ” ဟု ဖယ်ခုံမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီက PDF တပ်ရင်းတို့ သင်တန်းဆင်းပွဲနေရာကို လက်နက်ကြီးဖြင့် (၄) ချက်ပစ်သွားပြီး လူသူထိခိုက်မှု ရှိမရှိ မသိရှိရသေးကြောင်းသိရသည်။

“ (၄) ချက်ပစ်သွားတာ။ အခုချိန်ထိတော့ ထိခိုက်မှုရှိလား။ မရှိဘူးလားတော့ အသေးစိတ်မသိရသေးဘူး။ စောင့်ကြည့် နေသေးတယ်” ဟု ၎င်းဒေသခံက ပြောသည်။

ဖယ်ခုံမြို့သည် စစ်ကောင်စီ နှင့် PDF တို့ တိုက်ပွဲဖြစ်ပွားမှု ရပ်တန့်ခဲ့ပြီး ယနေ့ (ဧပြီ ၁၈)ရက်တွင် စစ်ကောင်စီမှ လက်နက်စတင်ပစ်ခတ်ခဲ့ကြောင်းသိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...