ကချင်ပြည်နယ် လဝကရုံး ပေါက်ကွဲမှု အထိအခိုက်မရှိ ဟုဆို

ကချင်ပြည်နယ် လဝကရုံး ပေါက်ကွဲမှု အထိအခိုက်မရှိ ဟုဆို

မြစ်ကြီးနား မြို့သစ်ရပ်ကွက်ရှိ ပြည်နယ် လူဝင်မှုကြီးကြပ်ရေးရုံးတွင် ဧပြီလ ၁၅ ရက် ည ၉နာရီ ဝန်းကျင်‌ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့သော်လည်း ထိခိုက်ပျက်စီးမှု တစ်စုံတစ်ရာမရှိခဲ့ကြောင်း မြို့သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

"ဘာမှ ထိခိုက်တာလည်းမရှိဘူး ဆေးသုတ်ထားတဲ့ သုံးထပ်သားပြားနည်းနည်းပဲထိတယ်။ ရုံးပြင်ဘက်မှာကွဲတာ"ဟု မြို့သစ်ရပ်ကွက်ရုံးမှ တာဝန်ရှိသူက ပြောသည်။

ယင်း မိုင်းဖောက်ခွဲမှုသည် မည်သူမည်ဝါ မည်သည့်အဖွဲ့အစည်းက ပြုလုပ်သွားသည်ကို မသိရှိရသေးကြောင်း သူက ဆက်ပြောသည်။

အလားတူ မြစ်ကြီးနားမြို့တွင် ယမန်နေ့ ည ၅ နာရီခန့်တွင် လမ်းလျှောက်ပြုလုပ်ထားသည့် ပြည်သူ့ရင်ပြင်တွင် သေနတ်ပစ်ဖောက်မှုများရှိခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့တွင်းတွင် ဧပြီလ ၁၃ ရက် သင်္ကြန်အကြို နေ့မှ စတင်ကာ ၁၅ ရက်နေ့အထိ ညပိုင်းပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။

Most read this week

January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...
January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...