ကချင်ပြည်နယ် လဝကရုံး ပေါက်ကွဲမှု အထိအခိုက်မရှိ ဟုဆို

ကချင်ပြည်နယ် လဝကရုံး ပေါက်ကွဲမှု အထိအခိုက်မရှိ ဟုဆို

မြစ်ကြီးနား မြို့သစ်ရပ်ကွက်ရှိ ပြည်နယ် လူဝင်မှုကြီးကြပ်ရေးရုံးတွင် ဧပြီလ ၁၅ ရက် ည ၉နာရီ ဝန်းကျင်‌ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့သော်လည်း ထိခိုက်ပျက်စီးမှု တစ်စုံတစ်ရာမရှိခဲ့ကြောင်း မြို့သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

"ဘာမှ ထိခိုက်တာလည်းမရှိဘူး ဆေးသုတ်ထားတဲ့ သုံးထပ်သားပြားနည်းနည်းပဲထိတယ်။ ရုံးပြင်ဘက်မှာကွဲတာ"ဟု မြို့သစ်ရပ်ကွက်ရုံးမှ တာဝန်ရှိသူက ပြောသည်။

ယင်း မိုင်းဖောက်ခွဲမှုသည် မည်သူမည်ဝါ မည်သည့်အဖွဲ့အစည်းက ပြုလုပ်သွားသည်ကို မသိရှိရသေးကြောင်း သူက ဆက်ပြောသည်။

အလားတူ မြစ်ကြီးနားမြို့တွင် ယမန်နေ့ ည ၅ နာရီခန့်တွင် လမ်းလျှောက်ပြုလုပ်ထားသည့် ပြည်သူ့ရင်ပြင်တွင် သေနတ်ပစ်ဖောက်မှုများရှိခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့တွင်းတွင် ဧပြီလ ၁၃ ရက် သင်္ကြန်အကြို နေ့မှ စတင်ကာ ၁၅ ရက်နေ့အထိ ညပိုင်းပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။

July 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ ခွန်ဆာကုန်းကျေးရွာ ကားကြီးကွင်းအနီးတွင်...
July 24, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ်၊ ရှိန်းခေါင်ကျေးရွာဘက်သို့ စစ်ဘေးရှောင်လာကြသည့် အမတ်ပေါ်ကျေးရွာ...
July 24, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းရှိ နာမ့်ထွမ်ချောင်းနှင့် မကျော့ဝါကျေးရွာတို့တွင် မြို့ပေါ်မှ...
July 23, 2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း တစ်နှစ်ကျော်ကာလအတွင်း မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦးထက်မနည်း...