စစ်တွေတွင် ရခိုင်ရိုးရာအစဉ်အလာအတိုင်း ဘုရားရေသပ္ပာယ်နေကြမှုမြင်ကွင်းများ

စစ်တွေတွင် ရခိုင်ရိုးရာအစဉ်အလာအတိုင်း ဘုရားရေသပ္ပာယ်နေကြမှုမြင်ကွင်းများ

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရခိုင်ရိုးရာအစဉ်အလာအတိုင်း ဘုရားရေသပ္ပာယ်နေမှုမြင်ကွင်းများကို ယနေ့ ဧပြီလ ၁၂ ရက် ညနေပိုင်းက မြင်တွေ့ရခြင်းဖြစ်သည်။

စစ်တွေမြို့တွင် ရခိုင်ရိုးရာ ဘုရားရေသပ္ပာယ်ခြင်းများကို ယနေ့ ဧပြီလ ၁၂ ရက်မှစတင်ကာ ပြုလုပ်နေကြခြင်းဖြစ်ပြီး ဘုရားရေသပ္ပာယ်ရန် ဘုန်းကြီးကျောင်းများသို့သွားရာတွင် ရခိုင်မင်္ဂလာစည်တော်ဝိုင်းများနှင့်အတူ မြို့ကိုလှည့်လည်ကြသူများနှင့် ကားဖြင့်လှည့်လည်သွားလာသူများလည်းရှိနေကြောင်း တွေ့ရသည်။

ရခိုင်ရိုးရာသင်္ကြန်ကာလတွင် ဘုရားကိုရေသပ္ပာယ်ပြီးမှသာ အချင်းချင်း ရေပက်ကစားတတ်ကြသည်ဟု သိရသည်။

ယနေ့တွင်လည်း ဘုရားရေသပ္ပာယ်ပြီး၍ ကားဖြင့်ပြန်လာနေသူများကို ရပ်ကွက်အချို့တွင် စတင်ရေပက်နေကြမှုများလည်းရှိနေကြောင်း သိရသည်။

စစ်တွေမြို့ လမ်းမကြီး ဦးဥတ္တမပန်းခြံရှေ့တွင် ဗဟိုမဏ္ဍပ်အပါအဝင် လမ်းမကြီးနှင့် မင်းဘာကြီးလမ်းစသည့်လမ်းမတစ်လျှောက်တို့တွင်လည်း အုန်းလက်များဖြင့်ပြုလုပ်ထားသည့် ကိုယ်ထူကိုယ်ထမဏ္ဍပ်များ၊ ပုဂ္ဂလိကမဏ္ဍပ်များနှင့် ဌာနဆိုင်ရာမဏ္ဍပ်များဆောက်လုပ်ထားသည်ကိုတွေ့ရသည်။

ရခိုင်တွင် စစ်ဘေးနှင့် ကပ်ရောဂါဘေးတို့ကြောင့် သင်္ကြန်ပွဲတော်ကို စည်စည်ကားကား မကျင်းပနိုင်ခြင်းမရှိသည်မှာ ၃ နှစ်ခန့်ရှိနေပြီဖြစ်၍ ယခုနှစ်တွင် စည်စည်ကားကားကျင်းပနိုင်ရန် ပြင်ဆင်နေကြခြင်းဖြစ်သည်ဟု သိရသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...