ကလေး - တမူးလမ်းပေါ်က ကမ္မကြီးရွာကို ပြန်လည်ထိန်းချုပ်နိုင်ပြီဟု စစ်တပ်ထုတ်ပြန်

ကလေး - တမူးလမ်းပေါ်က ကမ္မကြီးရွာကို ပြန်လည်ထိန်းချုပ်နိုင်ပြီဟု စစ်တပ်ထုတ်ပြန်

အိန္ဒိယ-မြန်မာနယ်စပ် ကလေး - တမူးလမ်းကြောင်းပေါ်က တော်လှန်ရေးပူး ပေါင်းတပ်များ ထိန်းချုပ်ထား သည့် ကမ္မ ကြီးကျေးရွာကို ပြန်လည်ထိန်းချုပ်လိုက်ပြီဟု အာဏာသိမ်းစစ်တပ်က ထုတ်ပြန်သည်။

ကလေး-တမူးကားလမ်းမကြီးပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စစ်ကြောင်းထိုးလာသော အာဏာသိမ်း စစ်တပ် သည်  ခမ်းပတ်မြို့အနီးရှိ ကမ္မကြီး (ချင်း) ရွာကို ဇူလိုင် (၁၉) နေ့ကလည်းကောင်း၊ ကမ္မကြီး (ဗမာ) ကျေးရွာကို ဇူလိုင်လ ၂၁ ရက်နေ့က သိမ်းပိုက် နိုင်ခဲ့ကြောင်း စစ်တပ်အာအော် ပြန်ကြားရေးဌာနက ယနေ့ ဇူလိုင် လ ၂၃ ရက်နေ့တွင် ထုတ်ပြန် သည်။

အာဏာသိမ်းစစ်တပ်သည် အိန္ဒိယ - မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက်အရေးပါသော ကလေး - တမူး လမ်းမကို ပြန်လည်ထိန်းချုပ်နိုင်ရန် ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းကစ၍ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာပြီး တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့များနှင့် ၁ လခွဲကျော်ကြာတိုက်ပွဲဖြစ်ပွားနေခဲ့ခြင်းဖြစ်သည်။  

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့်သာလွန်အင်အားကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ၎င်းတို့ထိန်းချုပ်ထားသော ခါမ်းပါတ်မြို့ နဲ့ ကနန်ကျေးရွာတို့ကို ဇွန်လအတွင်းက လက်လွှတ်ခဲ့ရပြီး ယခုအခါ ကမ္မကြီး ရွာကို ထပ်မံလက်လွှတ်ရ ခြင်းဖြစ်သည်။ 

Most read this week

ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...
September 2, 2026
ချင်းပြည် (Chinland) ကာကွယ်ရေးဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးကို ချင်းပြည်လွှတ်တော်၏ ဦးစားပေး...
September 1, 2026
ချင်းပြည်၊ မင်းတပ်မြို့နယ်၊ ဝုမ်းခုမ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်များနှင့်...
September 1, 2026
လက်ရှိ တော်လှန်ရေးကာလအတွင်း ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် စာသင်...