စစ်တွေတွင် ရခိုင်ရိုးရာအစဉ်အလာအတိုင်း ဘုရားရေသပ္ပာယ်နေကြမှုမြင်ကွင်းများ

စစ်တွေတွင် ရခိုင်ရိုးရာအစဉ်အလာအတိုင်း ဘုရားရေသပ္ပာယ်နေကြမှုမြင်ကွင်းများ

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရခိုင်ရိုးရာအစဉ်အလာအတိုင်း ဘုရားရေသပ္ပာယ်နေမှုမြင်ကွင်းများကို ယနေ့ ဧပြီလ ၁၂ ရက် ညနေပိုင်းက မြင်တွေ့ရခြင်းဖြစ်သည်။

စစ်တွေမြို့တွင် ရခိုင်ရိုးရာ ဘုရားရေသပ္ပာယ်ခြင်းများကို ယနေ့ ဧပြီလ ၁၂ ရက်မှစတင်ကာ ပြုလုပ်နေကြခြင်းဖြစ်ပြီး ဘုရားရေသပ္ပာယ်ရန် ဘုန်းကြီးကျောင်းများသို့သွားရာတွင် ရခိုင်မင်္ဂလာစည်တော်ဝိုင်းများနှင့်အတူ မြို့ကိုလှည့်လည်ကြသူများနှင့် ကားဖြင့်လှည့်လည်သွားလာသူများလည်းရှိနေကြောင်း တွေ့ရသည်။

ရခိုင်ရိုးရာသင်္ကြန်ကာလတွင် ဘုရားကိုရေသပ္ပာယ်ပြီးမှသာ အချင်းချင်း ရေပက်ကစားတတ်ကြသည်ဟု သိရသည်။

ယနေ့တွင်လည်း ဘုရားရေသပ္ပာယ်ပြီး၍ ကားဖြင့်ပြန်လာနေသူများကို ရပ်ကွက်အချို့တွင် စတင်ရေပက်နေကြမှုများလည်းရှိနေကြောင်း သိရသည်။

စစ်တွေမြို့ လမ်းမကြီး ဦးဥတ္တမပန်းခြံရှေ့တွင် ဗဟိုမဏ္ဍပ်အပါအဝင် လမ်းမကြီးနှင့် မင်းဘာကြီးလမ်းစသည့်လမ်းမတစ်လျှောက်တို့တွင်လည်း အုန်းလက်များဖြင့်ပြုလုပ်ထားသည့် ကိုယ်ထူကိုယ်ထမဏ္ဍပ်များ၊ ပုဂ္ဂလိကမဏ္ဍပ်များနှင့် ဌာနဆိုင်ရာမဏ္ဍပ်များဆောက်လုပ်ထားသည်ကိုတွေ့ရသည်။

ရခိုင်တွင် စစ်ဘေးနှင့် ကပ်ရောဂါဘေးတို့ကြောင့် သင်္ကြန်ပွဲတော်ကို စည်စည်ကားကား မကျင်းပနိုင်ခြင်းမရှိသည်မှာ ၃ နှစ်ခန့်ရှိနေပြီဖြစ်၍ ယခုနှစ်တွင် စည်စည်ကားကားကျင်းပနိုင်ရန် ပြင်ဆင်နေကြခြင်းဖြစ်သည်ဟု သိရသည်။

July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...
July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...