AA တပ်ဖွဲ့ဝင်များ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မှာ လုံးဝမမှန်ဟု AA ပြော

AA တပ်ဖွဲ့ဝင်များ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မှာ လုံးဝမမှန်ဟု AA ပြော

အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး လုံးဝမရှိကြောင်း AA ၏ ပြောခွင့်ရသူ ဦးခိုင်သုခက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ဇူလိုင်လ ၂၉ ရက်နေ့က ဧရာဝတီတိုင်း၊ ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) တွင် အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် ၂၀ ဦးနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖွဲ့ဝင် ၁၂ ဦးတို့ လက်နက်ခဲ ယမ်းများနှင့်အတူ အလင်းဝင်လာသည်ဟု စစ်အုပ်စုက ထုတ်ပြန်ခဲ့သည့် သတင်းနှင့် ပတ်သက်၍ ဦးခိုင်သုခက ယခုကဲ့သို့ တုံ့ပြန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ဒါကတော့ လုံးဝသတင်းအမှားဖြစ်ပါတယ်။ အကြမ်းဖက်ဖက်ဆစ်စစ်ကောင်စီဟာ ဒီလိုမျိုးအရှက်မရှိ မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်တာ အကြိမ်ကြိမ်ရှိခဲ့ပါပြီ။ ကျနော်တို့တပ်ဖွဲ့ဝင်တွေ အကြမ်းဖက်စစ်ကောင်စီဆီမှာ လက်နက်ချအလင်းဝင်တယ်ဆိုတဲ့ ဖြစ်စဉ်မျိုး လုံးဝမရှိပါဘူး” ဟု ၎င်းက ပြောသည်။

ယခုလုပ်ရပ်မှာ ပြည်သူများ အထင်အမြင်မှားစေရန်အတွက် ခရီးသွားရခိုင်လူငယ်များကို ဖမ်းဆီးနှိပ်စက် အကျပ်ကိုင်ကာ လိမ်လည်ဝါဒဖြန့်နေခြင်းသာ ဖြစ်ကြောင်း ဦးခိုင်သုခက ဆက် ပြောသည်။

“ဒါဟာ အကြမ်းဖက်ဖက်ဆစ်စစ်ကောင်စီအနေနဲ့ အများပြည်သူ ထင်ယောင်ထင်မှား ဖြစ်အောင် ခရီးသွား ရခိုင် လူငယ်တွေကို မတရားဖမ်းဆီးနှိပ်စက် အကျပ်ကိုင်ပြီးတော့ သူတို့လိုချင်သလို လုပ်ကြံဇာတ်တိုက်ပြီး လိမ်လည်ဝါဒဖြန့်နေခြင်းသာ ဖြစ်ပါတယ်။”

မြေပြင်အရှိတရားတွင်မူ စစ်တပ် လက်အောက်ခံ တပ်ဖွဲ့ဝင်များသာ စိတ်ဓာတ်များပျက်ပြားကာ အစုလိုက် အပြုံလိုက်အပြင် တစ်ဦးချင်း ထွက်ပြေးလာကြပြီး တော်လှန်ရေးတပ်ဖွဲ့များထံ လာရောက်လက်နက်ချမှုများ မကြာခဏ ရှိနေကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

ဧရာဝတီတိုင်း စစ်ရေးရင်းမြစ်များ၏ ပြောဆိုချက်အရ နတခ တိုင်းမှူးအဖြစ် ဗိုလ်မှူးချုပ် အောင်ကျော်ခိုင် ပြောင်းရွှေ့လာပြီး နောက်ပိုင်း ရာထူးတည်မြဲရေးအတွက် လပိုင်းအတွင်း ယခုကဲ့သို့ တော်လှန်ရေးတပ်ဖွဲ့ဝင်များ အလင်းဝင်လာသည်ဆိုကာ ဝါဒဖြန့်ပွဲကို မေလ ၁၁ ရက်နေ့တွင် တစ်ကြိမ်နှင့် ယခု ဇူလိုင်လ ၂၉ ရက်နေ့တွင် တစ်ကြိမ် ပြုလုပ်စီစဉ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါအခမ်းအနားသို့ တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်နှင့် ဝန်ကြီးချုပ် ဦးအေးကျော်တို့ တက်ရောက်ခဲ့ ကြပြီး အမှန်စင်စစ်တွင် အလင်းဝင်လာသူများမှာ အဖွဲ့အစည်းဝင်များမဟုတ်ဘဲ တပ်တွင်းမိသားစုဝင်များကိုသာ လူစားထိုးကာ လိမ်လည်ရိုက်ကူးပုံဖော်ခဲ့ခြင်း ဖြစ်ကြောင်း ပုသိမ်မြို့ပြ ပြောက်ကျားအဖွဲ့၏ ထုတ်ပြန်ချက်တွင် လည်း ဖော်ပြထားသည်။

(ဓာတ်ပုံ - Crd)
August 20, 2026
အမ်း-ပဒါန်းလမ်းရှိ နတ်ရေကန်တောင်သို့ ထိုးစစ်ဆင်နေသည့် စစ်အုပ်စုတပ်၏ စစ်ကူစစ်ကြောင်းများ၏ ယာယီ...
August 20, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်၏ ရှေ့ထွက် အဝတောင် ကာကင်းစခန်းများကို အာရက္ခ...
ဓါတ်ပုံ - Daily Times Of Bangladesh
August 19, 2026
အာရက္ခတပ်တော် (AA) သည် ရေပိုင်နက် ကျူးကျော်ဝင်ရောက်မှုဖြင့် ဖမ်းဆီးထားသော...
August 19, 2026
အာရက္ခ (ရခိုင်) ပြည်၊ မြောက်ဦးမြို့နယ်၊ လေးမြို့ချောင်းတစ်လျှောက်တွင် မိုးသည်းထန်စွာ...