ကယန်းအမျိုးသားနေ့အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲကျင်းပ၍ရရှိလာတဲ့အလှူငွေ စစ်ရှောင်ကိုလှူဒါန်း

ကယန်းအမျိုးသားနေ့အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲကျင်းပ၍ရရှိလာတဲ့အလှူငွေ စစ်ရှောင်ကိုလှူဒါန်း

၂၀၂၂ခုနှစ် ဧပြီလ (၁၀)ရက်နေ့မှာ ကျရောက်တဲ့ (၂၂)ကြိမ်မြောက် ကယန်းအမျိုးသားနေ့အထိမ်းအမှတ်အဖြစ် ကယန်းဒေသ စလင်းကျေးရွာအုပ်စုမှာ ဘောလုံးပြိုင်ပွဲကျင်းပခဲ့ပြီး ရရှိလာတဲ့ အလှူငွေကို ကယန်းဒေသလူမှုကယ်ဆယ်ရေးကော်မတီ(KRC) မှတဆင့် စစ်ရှောင်တွေထံ လှူဒါန်းသွားမယ်လို့ သိရပါတယ်။

ကယန်းဒေသလူမှုကယ်ဆယ်ရေးကော်မတီဝင်တစ်ဦးဖြစ်တဲ့ ခွန်းရာဇာမောင်က “ဒီဘောလုံးပွဲမှာလည်း ကယန်းဒေသရောက်ရှိလာတဲ့စစ်ဘေးရှောင်အတွက် ရန်ပုံငွေရရှိနိုင်ရေးအတွက်လည်း အလှူခံတာတွေရှိတယ်ပေါ့နော ဒီဘောလုံးကွင်းထဲမှာပဲ စစ်ဘေးရှောင်အားလုံးအတွက်ပေါ့။ ကျနော်တို့ အလှူခံရရှိငွေကိုလည်း ဒီဗိုလ်လှူပွဲမှာပဲ ရရှိငွေစုစုပေါင်း ကြေညာသွားမှာဖြစ်တယ်။ ပြီးတော့ ရရှိငွေအားလုံးကို ကျနော်တို့ ကယန်းဒေသလူမှုကယ်ဆယ်ရေးကော်မတီ KRC ကိုအပ်နှံလှူဒါန်းသွားမှာဖြစ်တယ်ပေါ့။ အဲ့ကနေတဆင့် သူတို့လိုအပ်တဲ့နေရာကို ထပ်မံဖြန့်ဝေလှူဒါန်းသွားတာတို့ ကူညီပေးတာတို့လုပ်လိမ့်မယ်ပေါ့။” လို့ပြောပါတယ်။

ကယန်းအမျိုးသားနေ့အထိမ်းအမှတ် နဲ့ လူငယ်အတွက် အားကစားမြှင့်တင်ရေးအပိုင်းကို ကယန်းဒေသလူမှုကယ်ဆယ်ရေးကော်မတီမှ ဦးဆောင်ခဲ့ပြီး လက်ရှိနိုင်ငံရေးအခြေအနေအရ နယ်မြေမတည်မှုကြားက ဘောလုံးပွဲပြုလုပ်ရတဲ့အတွက် ဒေသခံအချို့ စိုးရိမ်ပူပန်မှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

ဘောလုံးပွဲပြိုင်ပွဲကို ရွာပေါင်း ၁၅ရွာက ဘောလုံးအသင်း ၂၃သင်းပါဝင်ယှဉ်ပြိုင်ကစားခဲ့ပြီး ပြိုင်ပွဲကျင်းပရေးကော်မတီ နဲ့ လာရောက်အားပေးတဲ့ပရိသတ်တို့ထံမှ စစ်ရှောင်အလှူငွေ (၉၁၄၆၅၀)ကျပ် ရရှိခဲ့တယ်လို့ သိရပါတယ်။

ယမန်နေ့ ဧပြီလ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ ကယန်းအမျိုးသားနေ့ အခမ်းအနားကို ကယန်းပြည်သစ်ပါတီဌာနချုပ်အပါအဝင် ရှမ်း/တောင်၊ ဖယ်ခုံမြို့နယ်နဲ့ ကရင်နီ(ကယား)ပြည်နယ်ရှိ နေရာ ဒေသအချို့တွေမှာ အကျဥ်းချုံးကျင်းပပြုလုပ်ခဲ့ပါတယ်။

“ရောဂါအခြေအနေအရ နိုင်ငံရေးအခြေအနေအရ ကျနော်တို့ ကယန်းအမျိုးသားနေ့အခမ်းအနားကို နှစ်တိုင်း ခမ်းခမ်းနားနားစည်စည်းကားကားလုပ်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ ၂၀၂၂၊ ၂၀၂၁ အခု ၂၀၂၂အထိ ကျနော်တို့ ကြီးကျယ်ခမ်းနားစွာ မလုပ်နိုင်ဘူး။ နေရာဒေသပြန့်ပွားစွာလုပ်ကြတယ်ပေါ့ ကိုယ့်ဒေသမှာအသီးသီးလုပ်ကြတာက ကောင်းမွန်တဲ့အရာတစ်ခုလို့မြင်တယ်။”လို့ ခွန်းရာဇာမောင်က ဆိုပါတယ်။

နေရာဒေသအသီးသီးမှာ ကျင်းပပြုလုပ်သွားတဲ့ ကယန်းအမျိုးသားနေ့အခမ်းအနားတွေမှာ ကယန်းမျိုးသားအလံတင်တာ၊ အလံလေးပြုတာ၊ မိန့်ခွန်းပြောကြားတာတွေနဲ့ ကယန်းအသင်းအဖွဲ့အသီးသီးက ပေးပို့တဲ့ သဝဏ်လွှာဖတ်ကြားတာတွေ ပြုလုပ်ခဲ့ကြပါတယ်။

May 2, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် ဧပြီလအတွင်း ပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့...
May 1, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ယခုရက်ပိုင်းအတွင်း ခဲစျေး ထပ်မံကျဆင်းနေတာကြောင့်...
ပုံဟောင်းအသုံးပြုထားသည်။ ( Photo - RFA )
April 30, 2026
ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေတဲ့...
April 30, 2026
မိုးဦးမိုးဖျား စတင်ရွာသွန်းလာချိန်နဲ့အတူ ကရင်နီပြည်ရှိ လယ်သမားများက စိုက်ပျိုးရာသီသစ်အတွက်...