နေတိုး၏ မင်္ဂလာဧည့်ခံပွဲတွင် လုံခြုံရေးကြောင့် ပါကင်ပိတ်ထားသည့်ပါဆယ်ဗူးများ လက်မဖွဲ့ရန် မေတ္တာရပ်ခံ

နေတိုး၏ မင်္ဂလာဧည့်ခံပွဲတွင် လုံခြုံရေးကြောင့် ပါကင်ပိတ်ထားသည့်ပါဆယ်ဗူးများ လက်မဖွဲ့ရန် မေတ္တာရပ်ခံ

ရုပ်ရှင်သရုပ်ဆောင်နေတိုး၏ မင်္ဂလာဧည့်ခံပွဲတွင် လုံခြုံရေးကြောင့် ပါကင်ပိတ်ထားသည့်လက်ဖွဲ့များနှင့် ပါဆယ်ဗူးများ လက်မဖွဲ့ကြရန် မေတ္တာရပ်ခံထားသည်ဟု သိရသည်။

နေတိုး(ခ)နေလင်းအောင်နှင့် မသဲစုမြတ်ရွှေ(ခ)သဲသဲတို့၏ မင်္ဂလာဧည့်ခံပွဲကို ဧပြီလ ၁၀ ရက်တွင် နံနက် ၉ နာရီမှ နံနက် ၁၁ နာရီခွဲအထိ ရန်ကုန်ရှိ ဟိုတယ်တစ်ခု၌ ကိုဗစ်စည်းကမ်းနှင့်အညီ ကျင်းပမည်ဟု သိရသည်။

"အနာဂတ် ရခိုင်သူ၊ ရခိုင်သားတွေအတုယူကြဖို့ပေါ့။ အမျိုးဂုဏ်ဇာတိဂုဏ်ကိုအဓိကထားပြီး မင်္ဂလာဆောင်တာဟာ ဂုဏ်ယူစရာကောင်းတယ်။ ကိုဗစ်ကာလဆိုပေမယ့်လည်း သူ့ အနေနဲ့ ကြီးကြီးမားမားမင်္ဂလာဆောင်ချင်မှာပေါ့။ အခုလို ဖိတ်ကြားတဲ့အတွက်လည်း ဝမ်းသာပါတယ်"ဟု နေတိုးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မင်္ဂလာဧည့်ခံပွဲဖိတ်စာတွင် “ဧည့်သည်တော်များ၏ လုံခြုံရေးနှင့် အန္တရာယ်ကင်းရှင်းစေရန်အတွက် ဖိတ်စာနှင့်တကွတက်ရောက်ပေးပါရန်နှင့် လက်ဖွဲ့ပစ္စည်းအား ပါကင်ပိတ်ခြင်း၊ ပါဆယ်ဗူးများဖြင့်လက်ဖွဲ့ခြင်းမပြုပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်”ဟု ရေးသားထားသည်။

ရခိုင်ပြည်နယ်၊ မာန်အောင်ဇာတိ ရုပ်ရှင်သရုပ်ဆောင်နေတိုးသည် မာန်အောင်သူ မသဲစုမြတ်ရွှေနှင့် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၅ ရက်တွင် မင်္ဂဆောင်လက်မှတ်ရေးထိုးခဲ့သည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...