နေတိုး၏ မင်္ဂလာဧည့်ခံပွဲတွင် လုံခြုံရေးကြောင့် ပါကင်ပိတ်ထားသည့်ပါဆယ်ဗူးများ လက်မဖွဲ့ရန် မေတ္တာရပ်ခံ

နေတိုး၏ မင်္ဂလာဧည့်ခံပွဲတွင် လုံခြုံရေးကြောင့် ပါကင်ပိတ်ထားသည့်ပါဆယ်ဗူးများ လက်မဖွဲ့ရန် မေတ္တာရပ်ခံ

ရုပ်ရှင်သရုပ်ဆောင်နေတိုး၏ မင်္ဂလာဧည့်ခံပွဲတွင် လုံခြုံရေးကြောင့် ပါကင်ပိတ်ထားသည့်လက်ဖွဲ့များနှင့် ပါဆယ်ဗူးများ လက်မဖွဲ့ကြရန် မေတ္တာရပ်ခံထားသည်ဟု သိရသည်။

နေတိုး(ခ)နေလင်းအောင်နှင့် မသဲစုမြတ်ရွှေ(ခ)သဲသဲတို့၏ မင်္ဂလာဧည့်ခံပွဲကို ဧပြီလ ၁၀ ရက်တွင် နံနက် ၉ နာရီမှ နံနက် ၁၁ နာရီခွဲအထိ ရန်ကုန်ရှိ ဟိုတယ်တစ်ခု၌ ကိုဗစ်စည်းကမ်းနှင့်အညီ ကျင်းပမည်ဟု သိရသည်။

"အနာဂတ် ရခိုင်သူ၊ ရခိုင်သားတွေအတုယူကြဖို့ပေါ့။ အမျိုးဂုဏ်ဇာတိဂုဏ်ကိုအဓိကထားပြီး မင်္ဂလာဆောင်တာဟာ ဂုဏ်ယူစရာကောင်းတယ်။ ကိုဗစ်ကာလဆိုပေမယ့်လည်း သူ့ အနေနဲ့ ကြီးကြီးမားမားမင်္ဂလာဆောင်ချင်မှာပေါ့။ အခုလို ဖိတ်ကြားတဲ့အတွက်လည်း ဝမ်းသာပါတယ်"ဟု နေတိုးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မင်္ဂလာဧည့်ခံပွဲဖိတ်စာတွင် “ဧည့်သည်တော်များ၏ လုံခြုံရေးနှင့် အန္တရာယ်ကင်းရှင်းစေရန်အတွက် ဖိတ်စာနှင့်တကွတက်ရောက်ပေးပါရန်နှင့် လက်ဖွဲ့ပစ္စည်းအား ပါကင်ပိတ်ခြင်း၊ ပါဆယ်ဗူးများဖြင့်လက်ဖွဲ့ခြင်းမပြုပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်”ဟု ရေးသားထားသည်။

ရခိုင်ပြည်နယ်၊ မာန်အောင်ဇာတိ ရုပ်ရှင်သရုပ်ဆောင်နေတိုးသည် မာန်အောင်သူ မသဲစုမြတ်ရွှေနှင့် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၅ ရက်တွင် မင်္ဂဆောင်လက်မှတ်ရေးထိုးခဲ့သည်။

July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...