KNU အမှတ် (၄) တပ်မဟာမှူးဟောင်း ဗိုလ်မှူးချုပ် စောဒါးကျော်လူ ကွယ်လွန်

KNU အမှတ် (၄) တပ်မဟာမှူးဟောင်း ဗိုလ်မှူးချုပ် စောဒါးကျော်လူ ကွယ်လွန်

ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ(၄)တပ်မဟာမှူးဟောင်း ဗိုလ်မှူးချုပ် စောဒါးကျော်လူသည် ယမန်နေ့ ဧပြီလ ၅ ရက်နေ့က ထိုင်းနယ်စပ်တွင် ကွယ်လွန်သွားခဲ့ပြီး လာမည့် သောကြာနေ့တွင် ဈာပန အခမ်းအနားပြုလုပ်သွားမည်ဟု နီးစပ်သူများထံမှ သိရသည်။

ယမန်နေ့က ထိုင်းနိုင်ငံ၊ လာဘူလီမြို့ရှိ ဆေးရုံတွင် လူကြီးရောဂါအခံနှင့်ကိုဗစ်ကူးစက်ခံရမှုကြောင့် ကွယ်လွန် ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ရုပ်အလောင်းကို နေအိမ်ပြန်လည်သယ်ယူခွင့်မရရှိဘဲ ဆေးရုံတွင် မီးသင်္ဂြိုဟ်ခဲ့ရ ကြောင်း ၎င်းနှင့် နီးစပ်သူ တပ်မှူးတစ်ဦးက ယခုလိုပြောသည်။

၎င်းက“ဒီနေ့တော့ အရိုးပြာသွားယူမယ်။ လာမည့် သောကြာနေ့မှာ ဂူသွင်းမယ်။ ခရစ်ယာန်ရဲ့ ထုံးတမ်းအရ ဝတ်ပြု ဆုတောင်းပေးမယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ဗိုလ်မှူးချုပ် စောဒါးကျော်လူသည် ကရင့်တော်လှန်ရေးထဲသို့ ၁၉၆၄ ခုနှစ်ကတည်းက တပ်သားတစ်ဦးအနေဖြင့် စတင် ဝင်ရောက်ခဲ့ပြီး ၁၉၉၀ ခုနှစ်၊ တပ်မဟာ (၄) စတင်ဖွဲ့စည်းချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA တပ်ရင်း (၁၁) တပ်ရင်းမှူးအဖြစ် တာဝန်ရယူခဲ့သည်။ ထို့နောက် အဆင့်ဆင့် ရာထူးတာဝန်လွှဲ ပြောင်းရယူခဲ့ကာ တပ်မဟာမှူးအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်နေစဉ် ၂၀၁၇ ခုနှစ်တွင် တပ်မဟာ(၄)မှူးတာဝန်မှ အနားယူခဲ့သူဖြစ်သည်။

ထို့နောက် ၎င်း၏တာဝန်ကို လက်ရှိ တပ်မဟာ(၄) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောတာမူလာက လွှဲပြောင်းရ ယူခဲ့သည်။ ဗိုလ်မှူးချုပ် စောဒါးကျော်လူသည် ကွယ်လွန်ချိန်တွင် အသက် ၇၅ နှစ်ရှိပြီးဖြစ်ပြီး သားသမီး ၆ ဦး ကျန်ရစ်သည်ဟု သိရသည်။

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...