စံပြ၆မိုင်မှာ မီးရှို့ခံထားရတဲ့ ရုပ်အလောင်းတစ်ခုတွေ့ရှိ

စံပြ၆မိုင်မှာ မီးရှို့ခံထားရတဲ့ ရုပ်အလောင်းတစ်ခုတွေ့ရှိ

ဒီးမော့ဆိုမြို့နယ် စံပြ၆မိုင်ကျေးရွာမှာ နယ်မြေရှင်းလင်းရေး ပြုလုပ်ရင်း မီးရှို့ခံထားရတဲ့ ရုပ်အလောင်းတစ်ခုကို တွေ့ရှိခဲ့တယ်လို့ KNDF B-09 က သတင်းထုတ်ပြန်ပါတယ်။

“ သူတို့ မီးရှို့ထားတဲ့ အလောင်းကတော့ လက်ကိုနောက်ပစ်ထားပြီးတော့  ကြိုးတုတ်ထားပြီးတော့ သူတို့ မီးရှို့ထားတယ်။  အဲ့လိုမျိုးတော့ တွေ့ရတယ်။ ဒါပေမယ့် အဲ့ဒီလက်တွေက အကုန်မလောင်သေးတာတော့ တွေ့ရတယ်ပေါ့နော။ ဒါကြောင့် ကျနော်တို့ မီးသွားပြန်ရှို့လိုက်တာပေါ့နော။ ဒီတွေ့တာကတော့ မနေ့ညက သွားတွေ့တာ။ “ လို့ နယ်မြေရှင်းလင်းရေးမှာပါဝင်တဲ့ KNDF B-09 တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ရုပ်အလောင်းမှာ မျက်နှာမီးလောင်ပျက်စီးသွားတဲ့အတွက် မည်သူဆိုတာကိုတော့ အတည်မပြုနိုင်ဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၃ရက်နေ့မှာလည်း ရိက္ခာပြန်ယူရင်း အသတ်ခံလိုက်ရတဲ့ အရပ်သား ၅ဦးထဲက သုံးဦးရဲ့ အလောင်းကို KNDF B-09 က ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ကရင်နီပြည်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားသတ်ဖြတ်ခံရမှု ၂၄၀ဦးအထိရှိသွားပြီလို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက် ( KCSN ) က မတ်လ ၃၀ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

May 4, 2026
ထိုင်း-ကရင်နီနယ်စပ်က ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှာ ဧပြီလ ဒုတိယပတ်ကစပြီး ဝက်နာမကျန်းမှု...
May 2, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် ဧပြီလအတွင်း ပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့...
May 1, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ယခုရက်ပိုင်းအတွင်း ခဲစျေး ထပ်မံကျဆင်းနေတာကြောင့်...
ပုံဟောင်းအသုံးပြုထားသည်။ ( Photo - RFA )
April 30, 2026
ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေတဲ့...