ရခိုင်သို့ တရုတ်အာကာသယာဉ်အပိုင်းအစများ ဧပြီ ၇ ရက်တွင် ကျရောက်မည်ဖြစ်၍ သတိထားသွားလာကြရန် သတိပေးထုတ်ပြန်

ရခိုင်သို့ တရုတ်အာကာသယာဉ်အပိုင်းအစများ ဧပြီ ၇ ရက်တွင် ကျရောက်မည်ဖြစ်၍ သတိထားသွားလာကြရန် သတိပေးထုတ်ပြန်
တရုတ်အာကာသယာဉ်အပိုင်းအစများ ဇန်နဝါရီ ၂၆ ရက်က ရခိုင်ပင်လယ်ပြင်သို့ ပေါက်ကွဲသံနှင့်အတူကျရောက်ခဲ့စဉ်။
တရုတ်အာကာသယာဉ်အပိုင်းအစများ ဇန်နဝါရီ ၂၆ ရက်က ရခိုင်ပင်လယ်ပြင်သို့ ပေါက်ကွဲသံနှင့်အတူကျရောက်ခဲ့စဉ်။

တရုတ်အာကာသယာဉ်အပိုင်းအစများသည် ရခိုင်ပင်လယ်ပြင်သို့ ဧပြီ ၇ ရက်တွင်ကျရောက်မည်ဖြစ်၍ သတိထားသွားလာကြရန် ပြည်နယ်အစိုးရက သတိပေးထုတ်ပြန်ထားသည်ဟု သိရသည်။

ဧပြီလ ၇ ရက် နံနက် ၆ နာရီ ၁၈ မိနစ်မှ  ညနေ ၆ နာရီ ၃၉ မိနစ်အတွင်း ဘင်္ဂလားပင်လယ်အော်ရှိ သံတွဲလေဆိပ်၏ အနောက်တောင်ဘက် ရေမိုင် (၃၄)မိုင်ခန့်နှင့် မာန်အောင်လေဆိပ်၏ အနောက်တောင်ဘက် ရေမိုင် ၄၄ မိုင်ခန့်အကွာ ဧရိယာတွင် ကျရောက်နိုင်သည်ဟု ပြည်နယ်အစိုးရက ဧပြီ ၂ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါ တရုတ်အာကာသယာဉ်အပိုင်းအစများသည် ရခိုင်ပင်လယ်ပြင်အတွင်းသို့ ဧပြီလ ၇ ရက်မှ ၁၃ ရက်အတွင်း ကျရောက်နိုင်သည်ဟု မတ်လ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သော်လည်း လက်ရှိခန့်မှန်းထားချက်အရ ဧပြီ ၇ ရက်တစ်ရက်တည်းတွင်သာ ကျရောက်နိုင်မည်ဟု ထပ်မံထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ယင်းသို့ကျရောက်နိုင်သည့်အတွက် ကမ်းဝေးရေယာဉ်များအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းစေရန် ကျရောက်နိုင်မည့်ဧရိယာအတွင်း ဖြတ်သန်းသွားလာရာ၌ အထူးဂရုပြုသွားလာနိုင်ကြရန်လည်း ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

တရုတ်အာကာသယာဉ်အပိုင်းအစများသည် ရခိုင်ပင်လယ်ပြင်သို့ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်မှ မတ်လ ၂ ရက်အတွင်းတစ်ကြိမ်၊ ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်မှ ဒီဇင်ဘာ ၁၂ ရက်အတွင်းကတစ်ကြိမ်နှင့် ပြီးခဲ့သည့်နှစ်၊ နိုဝင်ဘာ ၂၃ ရက် နံနက် ၆ နာရီခန့်ကတစ်ကြိမ် ကျရောက်ခဲ့သည်။

ရခိုင်တွင် ယခုကဲ့သို့ တရုတ်အာကာသယာဉ်အပိုင်းအစများ မကြာခဏ ကျရောက်နေခြင်းသည် ရေလုပ်ငန်းကို အားကိုးပြီးလုပ်ကိုင်စားသောက်နေရသူများနှင့် ရေလုပ်ငန်းရှင်များအတွက် ထိခိုက်နစ်နာမှုများရှိသည်ဟု မာန်အောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်သန်းက နိရဥ္စရာကိုပြောဆိုထားသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...