ရခိုင်သို့ တရုတ်အာကာသယာဉ်အပိုင်းအစများ ဧပြီ ၇ ရက်တွင် ကျရောက်မည်ဖြစ်၍ သတိထားသွားလာကြရန် သတိပေးထုတ်ပြန်

ရခိုင်သို့ တရုတ်အာကာသယာဉ်အပိုင်းအစများ ဧပြီ ၇ ရက်တွင် ကျရောက်မည်ဖြစ်၍ သတိထားသွားလာကြရန် သတိပေးထုတ်ပြန်
တရုတ်အာကာသယာဉ်အပိုင်းအစများ ဇန်နဝါရီ ၂၆ ရက်က ရခိုင်ပင်လယ်ပြင်သို့ ပေါက်ကွဲသံနှင့်အတူကျရောက်ခဲ့စဉ်။
တရုတ်အာကာသယာဉ်အပိုင်းအစများ ဇန်နဝါရီ ၂၆ ရက်က ရခိုင်ပင်လယ်ပြင်သို့ ပေါက်ကွဲသံနှင့်အတူကျရောက်ခဲ့စဉ်။

တရုတ်အာကာသယာဉ်အပိုင်းအစများသည် ရခိုင်ပင်လယ်ပြင်သို့ ဧပြီ ၇ ရက်တွင်ကျရောက်မည်ဖြစ်၍ သတိထားသွားလာကြရန် ပြည်နယ်အစိုးရက သတိပေးထုတ်ပြန်ထားသည်ဟု သိရသည်။

ဧပြီလ ၇ ရက် နံနက် ၆ နာရီ ၁၈ မိနစ်မှ  ညနေ ၆ နာရီ ၃၉ မိနစ်အတွင်း ဘင်္ဂလားပင်လယ်အော်ရှိ သံတွဲလေဆိပ်၏ အနောက်တောင်ဘက် ရေမိုင် (၃၄)မိုင်ခန့်နှင့် မာန်အောင်လေဆိပ်၏ အနောက်တောင်ဘက် ရေမိုင် ၄၄ မိုင်ခန့်အကွာ ဧရိယာတွင် ကျရောက်နိုင်သည်ဟု ပြည်နယ်အစိုးရက ဧပြီ ၂ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါ တရုတ်အာကာသယာဉ်အပိုင်းအစများသည် ရခိုင်ပင်လယ်ပြင်အတွင်းသို့ ဧပြီလ ၇ ရက်မှ ၁၃ ရက်အတွင်း ကျရောက်နိုင်သည်ဟု မတ်လ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သော်လည်း လက်ရှိခန့်မှန်းထားချက်အရ ဧပြီ ၇ ရက်တစ်ရက်တည်းတွင်သာ ကျရောက်နိုင်မည်ဟု ထပ်မံထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ယင်းသို့ကျရောက်နိုင်သည့်အတွက် ကမ်းဝေးရေယာဉ်များအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းစေရန် ကျရောက်နိုင်မည့်ဧရိယာအတွင်း ဖြတ်သန်းသွားလာရာ၌ အထူးဂရုပြုသွားလာနိုင်ကြရန်လည်း ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

တရုတ်အာကာသယာဉ်အပိုင်းအစများသည် ရခိုင်ပင်လယ်ပြင်သို့ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်မှ မတ်လ ၂ ရက်အတွင်းတစ်ကြိမ်၊ ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်မှ ဒီဇင်ဘာ ၁၂ ရက်အတွင်းကတစ်ကြိမ်နှင့် ပြီးခဲ့သည့်နှစ်၊ နိုဝင်ဘာ ၂၃ ရက် နံနက် ၆ နာရီခန့်ကတစ်ကြိမ် ကျရောက်ခဲ့သည်။

ရခိုင်တွင် ယခုကဲ့သို့ တရုတ်အာကာသယာဉ်အပိုင်းအစများ မကြာခဏ ကျရောက်နေခြင်းသည် ရေလုပ်ငန်းကို အားကိုးပြီးလုပ်ကိုင်စားသောက်နေရသူများနှင့် ရေလုပ်ငန်းရှင်များအတွက် ထိခိုက်နစ်နာမှုများရှိသည်ဟု မာန်အောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်သန်းက နိရဥ္စရာကိုပြောဆိုထားသည်။

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...