လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက် အတွင်း ဗုံးပေါက်ကွဲမှုကြောင့် ကလေးနှစ်ဦးထိမှန်

လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက် အတွင်း ဗုံးပေါက်ကွဲမှုကြောင့် ကလေးနှစ်ဦးထိမှန်

ကရင်နီပြည် လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်မှာ ဒီကနေ့ မနက် ၁၀နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှုကြောင့် ကလေးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“ကျမသားကတော့ လက်မောင်းကိုထိတယ် ကွာသွားတော့ သွေးတအားထွက်တယ် တစ်ကိုယ်ပါပဲ အကုန်လုံးကိုထိတာ။ ကျမမကြည့်ရက်ဘူး။ အခုအရေးပေါ်မှာကုပေးနေတယ်ရှင့်။ ကျမအရမ်းစိတ်ပူတယ် ကျမကလေးသွေးက အရမ်းထွက်တာလေ တစ်ကိုယ်လုံးလည်းထိတာဆိုတော့” လို့ ကလေး ရဲ့ မိခင်ဖြစ်သူက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

ထိခိုက်မိသွားတဲ့ ကလေးငယ်နှစ်ဦးဟာ ဆော့ကစားနေရာကနေ ခြံအတွင်းမှာရှိနေတဲ့ မိုင်းကို ထိမိပြီးပေါက်ကွဲတာဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဒေသခံတစ်ဦးက “ ၁၀နာရီလောက်မှာပါ သူတို့ကစားရင်းပေါက်ကွဲသွားတာ။ နှစ်လုံးရှိတယ် အကြီးတစ်လုံးကွဲဖို့ကျန်သေးတယ်။ သူတို့က သူငယ်ချင်းတွေပါ။”လို့ ပြောပါတယ်။

ထိမှန်သွားတဲ့ကလေးနှစ်ဦးမှာ မောင်ဩဂတ်စတင်း အသက် ၉နှစ် နဲ့ မောင်ဒေးဗစ်ဂျွန်အောင် အသက် ၈ နှစ်တို့ဖြစ်ပါတယ်။ လက်ရှိမှာ ဆေးရုံပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ၊ ဖေဖော်ဝါရီလက ဒေါဥခူရပ်ကွက်ဖက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေသခံအများအပြား စစ်ရှောင်ခဲ့ရပါတယ်။

ဒေါဥခူတိုက်ပွဲအတွင်းက လက်နက်ကြီးထိမှန်မှုကြောင့် ဒေသခံနေအိမ်အများအပြား ထိမှန်ပျက်စီးခဲ့သလို သေဆုံးသူလည်းရှိခဲ့ပါတယ်။

Most read this week

August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...
August 13, 2026
ကရင်နီပြည် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် တစ်လကျော်ကာလအတွင်း ၆ လအရွယ် မိန်းကလေးငယ်...
August 13, 2026
စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် အာဆီယံ နိုင်ငံများအနေဖြင့်...