ဖယ်ခုံမြို့နယ်အတွင်း တတိယမြောက် နွေဦးစာကြည့်တိုက် ဖွင့်လှစ်

ဖယ်ခုံမြို့နယ်အတွင်း တတိယမြောက် နွေဦးစာကြည့်တိုက် ဖွင့်လှစ်

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှာ နွေဦးစာကြည့်တိုက် အမှတ်(၃)ကို ဖွင့်လှစ်ခဲ့တယ်လို့ ရန်ကုန်နည်းပညာ တက္ကသိုလ်ကျောင်းသားသမဂ္ဂ က ဆိုပါတယ်။ တတိယမြောက် နွေဦးစာကြည့်တိုက်ကို ထပ်မံ ဖွင့်လှစ်ခဲ့တာြဖစ်ပြီး မတ်လ (၂၈)ရက်နေ့မှာ ဖွင့်လှစ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာနဲ့ ဒီဇင်ဘာလ အတွင်းမှာ နွေဦးစာကြည့်တိုက် အမှတ်(၁)နဲ့ အမှတ်(၂)ကို ဒီးမော့ဆိုမြို့နယ် မှာ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

“ စာကြည့်တိုက်တော့ ကျနော်တို့က စစ်ရှောင်တင်ပဲ မဟုတ်ဘူးပေါ့လေ။ ကျေးရွာ ဒေသခံ လူထုကောပဲ အကျိုးရှိအောင် ရည်ရွယ်တာပေါ့။ ပြီးတော့ စာကြည့်တိုက်တစ်ခု ဆိုတာကလည်း စစ်ရှောင်တွေကို ကူညီတာမျိုး ရေတို Planမျိုး မဟုတ်ဘဲ စာကြည့်တိုက်ဆိုတာတော့ ရေရှည် အစီအစဉ်ဖြစ်တာပေါ့။ ကျနော်တို့ ဒီ အရေးတော်ပုံပြီးသွားခဲ့လို့ရှိရင်တောင် ဒီစာကြည့်တိုက် တည်မြဲနိုင်အောင် ပြီးတော့ ဒီဒေသခံ လူထုကို အကျိုးပြုနိုင်အောင်ပေါ့လေ။ ဒါမျိုး တွေတော့ ရှိတာပေါ့။ “ လို့ ရန်ကုန်နည်းပညာ တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုအောင်ကျော်ခန့် က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

လက်ရှိမှာတော့ စာကြည့်တိုက်အတွက် ပစ္စည်းတွေ သယ်ယူရတဲ့နေရာမှာ အခက်အခဲရှိသလို ရေရှည် ဖွင့်လှစ်နိုင်ဖို့အတွက် အကူအညီတွေ လိုအပ် တယ်လို့  ဆိုပါတယ်။

လက်ရှိ ထပ်မံဖွင့်လှစ်လိုက်တဲ့ စာကြည့်တိုက်မှာ သုတ၊ ရသ၊ ဘာသာပြန်၊ကာတွန်း၊ အင်္ဂလိပ်စာပေ၊ နိုင်ငံရေး၊ကဗျာ၊ ကလေးပုံပြင်နဲ့ ရုပ်ပြ စတာတွေကို ထားရှိပေးထားပြီး စာအုပ်ပေါင်း(၃၀၀၀)ခန့် ထားရှိထားတယ်လို့ သိရပါတယ်။

Most read this week

August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...
August 13, 2026
ကရင်နီပြည် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် တစ်လကျော်ကာလအတွင်း ၆ လအရွယ် မိန်းကလေးငယ်...
August 13, 2026
စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် အာဆီယံ နိုင်ငံများအနေဖြင့်...