မြဝတီ အာရှလမ်းတိုက်ပွဲများကြောင့် ဒေသအတွင်း ကုန်စျေးနှုန်း နှစ်ဆခန့် မြင့်တက်လာ

မြဝတီ အာရှလမ်းတိုက်ပွဲများကြောင့် ဒေသအတွင်း ကုန်စျေးနှုန်း နှစ်ဆခန့် မြင့်တက်လာ

မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်တွင် တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ကုန်စည် စီးဆင်းမှု ရပ်ဆိုင်းသွား၍ မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုးဒေသအတွင်း ကုန်စျေးနှုန်း နှစ်ဆခန့် မြင့်တက်လာနေကြောင်း ဒေသတွင်း ကုန်စုံဆိုင်ရောင်းချနေသူများက ပြောသည်။

မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားသည့် အချိန်မှ စ၍ ကုန်သွယ်မှုရပ်ဆိုင်းသွားသည့်အတွက် ကျေးနယ်များတွင် ကုန်စျေးနှုန်းများ နှစ်ဆတက်သွားသလို တစ်ဆင့်ခံ ပြန်လည်ရောင်းချသည့် ကုန်စုံဆိုင်များလည်း အရောင်းအဝယ်ကျဆင်းနေကြောင်း ကျုံဒိုးကျေးနယ်အတွင်းရှိ ကုန်စုံဆိုင်ရှင်တစ်ဦးက ယခုလို ပြောသည်။

“စျေးနှုန်းတွေက အဆမတန်တတ်လာလို့လေ၊ အရင်က စျေးကားနဲ့ ပိုက်ဆံသိန်း ၂၀ ဖိုးဝယ်ရင်ကားတစ်စီးစာ လောက်ရတယ်။ အခုက သိန်း ၅၀ လောက်ဝယ်ရင် တောင်ကားတစ်ဝက်စာတောင်မရဘူး။ အရင်က ဆီပုံးဝါက ၂ သောင်းကျော်ပဲ အခု ၄ သောင်းကျော်သွားပြီ၊ အရင်က ရေသန့်ဗူးအပြည့်ဓာတ်ဆီတစ်ဗုံးမှ ၁ဝ၀၀ ပဲ အခုဆိုရင် ၂၅၀၀ ရှိသွားပြီ။ အရင်က တစ်ရက်စျေးရောင်းရ ငွေ ၅ သိန်းဖိုးလောက် ရောင်းရတဲ့ ကျမဆိုင်က အခုဆို ရွာထဲလူတွေစျေးဝယ်မစားနိုင်တာတွေရှိလာတာ ကြောင့် ၂ သိန်းဖိုးလောက်ပဲ ရောင်းရပြီးရောင်းအား ကျလာတယ်။“ဟု သူမက ပြောသည်။

နယ်မြေဒေသအတွင်း တိုက်ပွဲများကြောင့်လမ်းပန်းဆက်သွယ်ရေး ပြတ်တောက် ကာ ကုန်စည်စီးဆင်းမှုမရှိတော့သည့်အခြေအနေတွင် ဒေသတွင်း စားသောက်ကုန်၊ လူသုံးကုန်များအပြင် စက်သုံးဆီ လောင်စာဆီစျေးနှုန်းများ မြင့်တက် လာနေ ကြောင်း ထိုင်း-မြန်မာ နယ်စပ်ကုန်သည်များ ပြောသည်။

မြဝတီမြို့ ကုန်စည်ကုန်သည်တစ်ဦးက “ကုန်ကား အိမ်စီးကား တွေသွားလာကြတော့ စစ်ကောင်စီနဲ့ KNU ဖြစ်တဲ့ တိုက်ပွဲထဲ ပိတ်မိပြီး အပစ်ခံက မီးရှို့ခံရတာတွေ ဆက်တိုက်ဖြစ်လာတယ်၊ ကုန်တွေကားတွေ မဆင်းရဲကြ တော့ဘူး၊ ထိုင်းဘတ်စျေးကလည်းတက်တော့ မဲဆောက် ထိုင်းစား သောက်ကုန်တွေ စျေးတက်လာတယ်” ဟု ပြောသည်။

ထို့အပြင် လက်ရှိအချိန်တွင် ထိုင်းဘတ်ငွေလဲနှုန်းမြင့်မားကာ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းနေမှုနှင့် နယ်စပ်စား သောက်ကုန်စျေးမြင့်တက်မှုကြောင့် ဒေသခံ ပြည်သူများ ယခင်ကလို ဝယ်ယူစားသောက်နိုင်မှုမရှိတော့သည့် အခြေအနေဖြစ်နေသည်ဟု နယ်စပ်ကုန်သည်များက ပြောဆိုသည်။

မြဝတီ-ကော့ကရိတ်အာရှလမ်းအား မတ်လ ၂၇ရက်နေ့မှစ၍ လမ်းအသုံးပြုမှု မလုပ်ရန် KNU-ကရင်အမျိုး သားအစည်းအရုံး ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ပြည်သူများသို့ မေတ္တာရပ်ခံစာ ထုတ်ပြန်ထားသည်။

ထိုထုတ်ပြန်စာ ထုတ်ပြန်ပြီးနောက်ပိုင်း မြဝတီ-ကော့ကရိတ် ပစ်ခတ်တိုက်ခိုက်မှုများ နေ့စဉ်လိုလိုဖြစ်ပွားခဲ့ရာ ဖြတ်သွားသည့် ကုန်တင်ကား၊ အရပ်သားကားများလည်း ပစ်ခတ်မီးရှို့ခံရ၍ ရာနှင့်ချီသည့် ကုန်တင်ကားများနှင့် ခရီးသွားကားများ မိတ်မိနေသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များအရ သိရသည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...