ဟိုပင်မြို့ပေါ်ငွေလွှဲဆိုင်တစ်ခု အနုကြမ်းစီးခံရ

ဟိုပင်မြို့ပေါ်ငွေလွှဲဆိုင်တစ်ခု အနုကြမ်းစီးခံရ

ဟိုပင်မြို့ပေါ်မှာ ဒီနေ့မတ်လ ၂၃ ရက်နေ့ ညနေ ၄ နာရီအချိန်က ငွေလွှဲငွေထုတ်လုပ်တဲ့ ဆိုင်တစ်ဆိုင်ကို လူငယ်တစ်စု အနုကြမ်းစီးမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

“ လူငယ် ၃ ယောက် 125 ဆိုင်ကယ်နဲ့ သူတို့ဆိုင်ရှေ့မှာရပ်ပြီးတော့ ဆိုင်တံခါးခေါက်တာ ခပ်လှမ်းလှမ်းကတွေ့လိုက်ရတယ်ဗျ။ အဲ့တာနဲ့ဂျနူးဆိုင်အထဲက ကောင်မလေးလာဖွင့်ပေးလိုက်ကြတယ်။ အဲ့အချိန်မှာစတော့တာပဲ ကောင်လေးတစ်ယောက်က တံခါးဖွင့်ပေးတဲ့ ကောင်မလေးကိုချုပ်ထားတာ ပြီးတော့ ကျန်တဲ့နှစ်ယောက်ဆီမှာ ဓားတွေပါလာတယ်။ အချုပ်ခံထားရတဲ့ ကောင်မလေးက အတင်းတွန်းပြီးထွက်ပြေးတာ မြန်လို့တော်သေးတယ်။ အဲ့တာနဲ့ကျန်တဲ့နှစ်ကောင်ကလည်း အခြေအနေမဟန်မှန်းသိလို့ ဆိုင်ကယ်နဲ့ မောင်းပြေးသွားကြတယ်” လို့ မျက်မြင်တွေ့သူတစ်ဦးက ရှမ်းနီအသံကိုပြောပြပါတယ်။

ဒီအနုကြမ်းစီးခံရမှုကနေ ပစ္စည်းနဲ့ငွေတွေပါသွားခြင်းမျိုးမရှိကြောင်းလည်း သိရပါတယ်။

ဟိုပင်မြို့ပေါ်မှာ ဒီလိုအနုကြမ်းစီးခံရမှုတွေက မကြာခဏကြားနေရကြောင်းလည်း ဒေသခံတွေကပြောဆိုနေကြပါတယ်။

April 21, 2026
ကချင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေတာတွေကို ၂ ပတ်ကြာ ရပ်နားထားမှုကြောင့်...
April 11, 2026
ရှမ်းရိုးရာသင်္ကြန်ပွဲတော်ကို မြစ်ကြီးနားမြို့နယ် နောင်ခမ်းရှမ်းရွာမှာ ရိုးရာယဉ်ကျေးမှုနဲ့အတူ...
April 10, 2026
စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကနေ တိုင်းရင်းသားအခြေပြုပါတီများအနေနဲ့ တစ်နိုင်ငံလုံးရဲ့ (၁၅)...
မြစ်ကြီးနားမြို့ရှိ ဆီခြံမီးလောင်မှုကို ငြိမ်းသတ်နေကြစဉ်/ Credit
April 9, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ၊ရွှေစက်ရပ်ကွက်မှာ စက်သုံးဆီသိုလှောင်ထားတဲ့...