ရဲတစ်ဦးသေဆုံးပြီးနောက် ချောင်းနှစ်ခွတံတား စစ်ဆေးမှုပိုမိုတင်းကြပ်လာ

ရဲတစ်ဦးသေဆုံးပြီးနောက် ချောင်းနှစ်ခွတံတား စစ်ဆေးမှုပိုမိုတင်းကြပ်လာ

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွတံတားရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေး အင်အားစုအဖွဲ့တို့ မတ်လ ၁၉ ရက်နေ့က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ခရီးသွားလာသူများကို စစ်ဆေးမှုပိုမိုလုပ်ဆောင်လာသည်ဟု ဒေသခံများထံမှ သိရသည်။

ကား၊ ဆိုင်ကယ်ဖြင့် တံတားပေါ် ဖြတ်သန်းသွားလာသည့် ခရီးသည်များကို စစ်ကောင်စီတပ်ဖွဲ့များက ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ပြီး တံတားပေါ်တွင် လမ်းဆင်းလျှောက်သွားလာနေရသည်ဟု ဒေသခံများထံမှ သိရသည်။

ချောင်းနှစ်ခွရွာသား တစ်ဦးက “ တံတားတော့ ပြန်ဖွင့်လိုက်ပြီး။ ဆိုင်ကယ်နဲ့လာရင် ဆင်းတွန်းရတယ်။ ပါသမျှအထုပ်တွေ ဖွင့်ဖောက်စစ်ဆေးမှု လုပ်တယ်။ ကားနဲ့သွားလာတဲ့ခရီးသည်တွေကိုလည်း အကုန် စစ်ဆေးတယ်။ အရင်ကလို ခရီးသွားလာရတာ ခက်ခဲသွားတယ်ပေါ့နော်” ဟု ကေအိုင်စီ သို့ ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၉ ရက်၊ နံနက် ၆ နာရီအချိန်ခန့်တွင် တော်လှန်ရေးအင်အားစုအဖွဲ့နှင့် ချောင်းနှစ်ခွ တံတားစောင့် စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ရဲဒုတပ်ကြပ် ကျော်ဇင်ဦး သေနတ်ထိမှန်သေဆုံးပြီး အခြားတပ်ဖွဲ့ဝင် ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိသည်ဟု ဒေသခံများက ပြောသည်။

ချောင်းနှစ်ခွတံတားပေါ် ပစ်ခတ်မှုဖြစ်ပြီးနောက် ခရီးသွားလာသူများကို တားဆီးစစ်ဆေးမှု ပိုမိုလုပ်ဆောင် လာသည့်အပြင် ကား/ ဆိုင်ကယ်များဖြင့် ဖြတ်သန်းသွားလာသူများထံလည်း ယခင်က ငွေကြေးပိုမိုကောက်ခံမှုများရှိသည်ဟု ခရီးသွားပြည်သူများထံမှ သိရသည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...