ကေအဲန်ယူ တပ်မဟာ ၃ နယ်မြေအတွင်း စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၍ ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ရ

ကေအဲန်ယူ တပ်မဟာ ၃ နယ်မြေအတွင်း စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၍ ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ရ

ကေအဲန်ယူ – ညောင်လေးပင်ခရိုင် (တပ်မဟာ ၃ )အတွင်းသို့ အာဏာ သိမ်း စစ်ကောင်စီက မတ်လ ၁၉ ရက်နေ့ နံနက် ၂း၀၀ ခန့်အချိန်တွင် လေယာဉ်ဖြင့် ဗုံး ၄ လုံး လာရောက်ကြဲချသည့်အတွက် ဒေသခံ ၃၀၀၀ ကျော်မှာ နေရပ်စွန့်ခွာပြီး တောတောင်ထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟု ကေအဲန်ယူက ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီ လေယာဉ်ဖြင့် လာရောက်ကြဲချသောဗုံးများသည် ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် ကွီးလားကျေးရွာအတွင်းသို့ (၂) လုံးနှင့် ဆောထိမြို့နယ် တကက်ပူ ကျေးရွာအတွင်းသို့ (၂) လုံး ကျရောက်ခဲ့ပြီး ပြည်သူလူထုများ ထိခိုက်သေဆုံးမှုမရှိသော်လည်း နေအိမ်အဆောက်အဦးများ ထိမှန်ပျက်စီးမှုများရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ အာဏာသိမ်း စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်သောကြောင့် ကေအဲန်ယူ – ညောင်လေးပင်ခရိုင် မှ ကျေးရွာပေါင်း ( ၁၇ ) ရွာမှ ပြည်သူလူထုပေါင်း (၃၇၀၀) ခန့်တို့သည် ထိတ်လန့်ကြောက် ရွံ့ခဲ့ကြရ၍ ကျေးရွာကိုစွန့်ပြီး တောတောင်များအတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထို့အပြင် ယခုလို အဖြစ်အပျက်များဖြစ်ပွားမှုကြောင့် ကျေးရွာသူကျေးရွာသား ပြည်သူလူထုများသည် စိုးရိမ်ကြောက်ရွံ့ မှုများနှင့် ရင်ဆိုင်ခဲ့ကြရပြီး စားဝတ်နေရေးအတွက် သွားလာလုပ်ကိုင်ရာတွင်လည်း ဘဝလုံခြုံမှုများမရှိတော့ကြောင်း၊ လက်ရှိဖြစ်ပေါ်နေသော Covid – 19 ( အိုမီခရွန်) ရောဂါကို ကာကွယ်ရန်နှင့် ကုသရန်အတွက် များစွာ အခက်အခဲ ဖြစ်စေခဲ့သည်ဟု ကေအဲန်ယူက ပြောသည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...