ULA/AA ၏သတင်းစာရှင်းလင်းပွဲကို မတ် ၅ ရက်မှစတင်ကာ လစဉ်ပြုလုပ်သွားမည်

ULA/AA ၏သတင်းစာရှင်းလင်းပွဲကို မတ် ၅ ရက်မှစတင်ကာ လစဉ်ပြုလုပ်သွားမည်

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် / ရက္ခိုင့်တပ်တော် (ULA/AA)၏ သတင်းစာရှင်းလင်းပွဲကို လာမည့်မတ်လ ၅ ရက်မှစတင်ကာ အွန်လိုင်းမှ လစဉ်ပြုလုပ်သွားမည်ဟု သိရသည်။

လာမည့် မတ်လ ၅ ရက်နေ့ (စနေနေ့) နံနက် ၁ဝ နာရီတွင် ULA/AA ပထမဆုံးအကြိမ်သတင်းစာရှင်းလင်းပွဲကို စတင်ပြုလုပ်သွားမည်ဖြစ်ပြီး သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ဘာသာစကားဖြင့်ပြောဆိုသွားမည်ဟု AA ပြောခွင့်ရ ဦးခိုင်သုခက သူ၏လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့၌ ရေးသားထားသည်။

ယခုကဲ့သို့ သတင်းစာရှင်းလင်းပွဲများကို လစဉ်ပြုလုပ်သွားမည်ဖြစ်ပြီး သတင်းရယူလိုသည့် သတင်းထောက်များအနေဖြင့် သတင်းစာရှင်းလင်းပွဲသို့တက်ရောက်နိုင်ရန် https://forms.gle/9FkNHENUvZ9R1sMp9  မှတဆင့် စာရင်းသွင်းနိုင်ကြောင်း သိရသည်။

စာရင်းသွင်းထားသည့်သတင်းထောက်များကိုသာ သတင်းယူခွင့်ပြုမည်ဖြစ်ပြီး သတင်းစာရှင်းလင်းပွဲသို့တက်ရောက်နိုင်ရန် လိုအပ်သည့်အချက်အလက်များအား စာရင်းသွင်းထားသည့်သတင်းထောက်များထံ Email မှတဆင့် ပေးပို့သွားမည်ဟု ရေးသားဖော်ပြထားသည်။

သတင်းစာရှင်းလင်းပွဲတွင်မေးလိုသည့်မေးခွန်းများကို [email protected] သို့ အီးမေးလ်ပို့ပြီး မတ်လ ၁ ရက်နေ့ နောက်ဆုံးထား ပေးပို့မေးမြန်းရမည်ဖြစ်ပြီး မေးခွန်းမေးသည့်အခါတွင်လည်း သတင်းထောက်တစ်ဦးလျှင် မေးခွန်း (၂) ခုခန့်သာ လက်ခံဖြေဆိုသွားမည်ဟု သိရသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...