ULA/AA ၏သတင်းစာရှင်းလင်းပွဲကို မတ် ၅ ရက်မှစတင်ကာ လစဉ်ပြုလုပ်သွားမည်

ULA/AA ၏သတင်းစာရှင်းလင်းပွဲကို မတ် ၅ ရက်မှစတင်ကာ လစဉ်ပြုလုပ်သွားမည်

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် / ရက္ခိုင့်တပ်တော် (ULA/AA)၏ သတင်းစာရှင်းလင်းပွဲကို လာမည့်မတ်လ ၅ ရက်မှစတင်ကာ အွန်လိုင်းမှ လစဉ်ပြုလုပ်သွားမည်ဟု သိရသည်။

လာမည့် မတ်လ ၅ ရက်နေ့ (စနေနေ့) နံနက် ၁ဝ နာရီတွင် ULA/AA ပထမဆုံးအကြိမ်သတင်းစာရှင်းလင်းပွဲကို စတင်ပြုလုပ်သွားမည်ဖြစ်ပြီး သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ဘာသာစကားဖြင့်ပြောဆိုသွားမည်ဟု AA ပြောခွင့်ရ ဦးခိုင်သုခက သူ၏လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့၌ ရေးသားထားသည်။

ယခုကဲ့သို့ သတင်းစာရှင်းလင်းပွဲများကို လစဉ်ပြုလုပ်သွားမည်ဖြစ်ပြီး သတင်းရယူလိုသည့် သတင်းထောက်များအနေဖြင့် သတင်းစာရှင်းလင်းပွဲသို့တက်ရောက်နိုင်ရန် https://forms.gle/9FkNHENUvZ9R1sMp9  မှတဆင့် စာရင်းသွင်းနိုင်ကြောင်း သိရသည်။

စာရင်းသွင်းထားသည့်သတင်းထောက်များကိုသာ သတင်းယူခွင့်ပြုမည်ဖြစ်ပြီး သတင်းစာရှင်းလင်းပွဲသို့တက်ရောက်နိုင်ရန် လိုအပ်သည့်အချက်အလက်များအား စာရင်းသွင်းထားသည့်သတင်းထောက်များထံ Email မှတဆင့် ပေးပို့သွားမည်ဟု ရေးသားဖော်ပြထားသည်။

သတင်းစာရှင်းလင်းပွဲတွင်မေးလိုသည့်မေးခွန်းများကို [email protected] သို့ အီးမေးလ်ပို့ပြီး မတ်လ ၁ ရက်နေ့ နောက်ဆုံးထား ပေးပို့မေးမြန်းရမည်ဖြစ်ပြီး မေးခွန်းမေးသည့်အခါတွင်လည်း သတင်းထောက်တစ်ဦးလျှင် မေးခွန်း (၂) ခုခန့်သာ လက်ခံဖြေဆိုသွားမည်ဟု သိရသည်။

July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...