ဖောင်းပြင်မြို့နယ် ချင်းတွင်းမြစ်ကမ်းဘေးမှာ ရွှေမျှောတွေ ဆက်လက်လုပ်ကိုင်နေ

ဖောင်းပြင်မြို့နယ် ချင်းတွင်းမြစ်ကမ်းဘေးမှာ ရွှေမျှောတွေ ဆက်လက်လုပ်ကိုင်နေ

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဖောင်းပြင်မြို့နယ်က ကရားကျေးရွာအုပ်စု နဲ့ စစ်သောင်ကျေးရွာအုပ်စုရှိ ချင်းတွင်းမြစ်ကမ်းဘေးမှာ ရွှေမျှောတွေက ဆက်လက်လုပ်ကိုင်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ရှမ်းနီအသံကို ပြောပါတယ်။

ဒီလိုရွှေမျှောတွေ လုပ်ကိုင်နိုင်ဖို့အတွက် စစ်ကောင်စီခန့်ထားတဲ့ မြို့နယ် နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေဆီကို ပိုက်ဆံပေး ရတယ်လို့ ဆိုပါတယ်။

“  မြို့နယ်မှူးကို (၅) သိန်း ၊ ကောင်စီဝင်တွေကို အချိုးကျ (၃) သိန်း ကိုယ်စီပေးဆောင်ရတယ်လို့ သိရတယ်။ အထက်အမိန့်လာမယ်ကြားရင် သူတို့ပဲ သတင်းပေးပြီး ရှောင်ခိုင်းထားတယ်။ ဖြစ်လာရင် တာဝန်မယူဘူး” လို့ ကရားကျေးရွာသား တစ်ဦးက ရှမ်းနီအသံကို ပြောပြပါတယ်။

ကျေးရွာထဲမှာတော့ ခေါင်းစဉ်အမျိုးမျိုးနဲ့ ရပ်ကျေးအုပ်ချုပ်ရေးတွေက ပိုက်ဆံကောက်ခံတာရှိပြီးတော့ ရပ်ကွက်ထဲမှာ သုံးစွဲတာ မတွေ့ရကြောင်းလည်း ဆိုပါတယ်။

လက်ရှိ ဖောင်းပြင်မြို့နယ် ကရားကျေးရွာနဲ့ စစ်သောင်ကျေးရွာ အုပ်စုနှစ်ခုမှာ ရွှေမျှောလုပ်ကိုင်နေသူ (၂၅) ဦးထိ ရှိတယ်လို့ သိရပါတယ်။

ဖောင်းပြင်ဒေသခံ ကာကွယ်ရေးတပ်က ချင်းတွင်းမြစ်ကမ်းဘေး ရွှေမျှောလုပ်ကိုင်နေမှုတွေကို ရပ်တန့်ဖို့အတွက်လည်း ဖေဖော်ဝါရီလ (၁) ရက်နေ့က သတိပေးထားပါတယ်။

ကရားကျေးရွာအုပ်စုမှာ သမ္မတ ဦးသိန်းစိန်လက်ထက်က ရွှေမျှောလုပ်ကိုင်မှုတွေကြောင့်  လယ်ယာမြေပျက်စီးခဲ့ဖူးတာဖြစ်ပြီး အဲ့ဒီအချိန်တုန်းက ရွှေမျှော်တစ်ရာကျော်ခန့်ရှိခဲ့တာလည်းဖြစ်ပါတယ်။

ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...
ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...