ကီရင်ဟိုးလ်ဒင်းက မြန်မာနိုင်ငံကနေ ရုပ်သိမ်းထွက်ခွာဖို့ ဆုံးဖြတ်

ကီရင်ဟိုးလ်ဒင်းက မြန်မာနိုင်ငံကနေ ရုပ်သိမ်းထွက်ခွာဖို့ ဆုံးဖြတ်

ဂီရင်ဟိုးလ်ဒင်းက မြန်မာနိုင်ငံမှာရှိတဲ့ ဖက်စပ်လုပ်ငန်းတွေကနေ ရုပ်သိမ်းပြီး ထွက်ခွာဖို့ ဆုံးဖြတ်လိုက်တယ်လို့ ဒီနေ့မှာ ကုမ္ပဏီဘက်က ထုတ်ပြန်လာခဲ့ပါတယ်။

Kirin Holdings ကုမ္ပဏီလီမိတက် (Kirin Holdings) က မြန်မာ့စီးပွားရေး ဦးပိုင် ကုမ္ပဏီလီမိတက်  နှင့် ဖက်စပ်လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေကို  နုတ်ထွက်ဖို့ ဒီနေ့ ဖေဖော်ဝါရီလ (၁၄) ရက် တနင်္လာနေ့မှာ  ပြုလုပ်တဲ့ ဘုတ်အဖွဲ့အစည်းအဝေးကနေ  ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် Myanmar Beer ကို အကြီးအကျယ်သပိတ်မှောက်ပြီးမှုကြောင့်  ကီရင် ရဲ့  ၂၀၂၁ ခုနှစ်အတွင်းမှာ  တစ်နှစ်တာရောင်းချရငွေ ၄၆ ရာခိုင်နှုန်း ကျဆင်းသွားကြောင်းကြေငြာခဲ့ပါတယ်။

“ မြန်မာပြည်သူတွေရဲ့အသံကို နားထောင်ပြီး မြန်မာ၊ ဂျပန်နဲ့ ကမ္ဘာ့အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ တောင်းဆိုချက်တွေကို နားထောင်ပြီး ဦးပိုင် နဲ့ သူတို့ရဲ့လုပ်ငန်းကို အဆုံးသတ်ဖို့ Kirin ရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုပါတယ်” လို့  Justice for Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆိုပါတယ်။

ကီရင်က  သူတို့ရဲ့  ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ရောင်းချဖို့ ရည်ရွယ်ပေမယ့်လည်း  ဦးပိုင်ထံကို ရောင်းချမည်မဟုတ်ကြောင်းလည်း ပြောဆိုပါတယ်။

မြန်မာနိုင်ငံကနေ နုတ်ထွက်ရေးအစီစအဉ်ကို ရေးဆွဲရာမှာ အလုပ်သမား ၊ သူတို့ရဲ့ မိသားစု တွေရဲ့ လူမှုဘဝလုံခြုံရေးနဲ့ ဘေးကင်းရေးတွေကို ထည့်သွင်းစဉ်းစားသွားမယ်လို့ဆိုပါတယ်။

ကီရင်နှင့် ဦးပိုင်တို့ကြား တို့အကြား ဖက်စပ်လုပ်ငန်းဖြစ်တဲ့  မြန်မာဘရူဝါရီ ကို ၁၉၉၅ ခုနှစ်က ထူထောင်ခဲ့ပြီး Myanmar ၊ Kirin ၊ Andaman Gold နှင့် Black Shield ဆိုတဲ့  အမှတ်တံဆိပ်တွေနဲ့  ဘီယာများကို ထုတ်လုပ်ခဲ့ပါတယ်။

August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...
ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...