ပြည်ထောင်စုနေ့မှာ အကျဉ်းသား ၈၀၀ ကျော် စစ်ကောင်စီလွတ်ငြိမ်းချမ်းသာခွင့်ပေး

ပြည်ထောင်စုနေ့မှာ အကျဉ်းသား ၈၀၀ ကျော် စစ်ကောင်စီလွတ်ငြိမ်းချမ်းသာခွင့်ပေး

စစ်ကောင်စီလက်ထက်မှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဥ်းသား (၈၁၄) ဦးကို (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့မှာ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်လို့ သိရပါတယ်။

နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်မယ်ဆိုရင် အဲ့ဒီပြစ်ဒဏ်အပြင် အခုကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံရမယ်ဆိုတဲ့ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ (၁) နဲ့ လွတ်ငြိမ်းခွင့်ပေးလိုက်တာလည်းဖြစ်ပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်ရသူတွေကို ထောင်အသီးသီးကနေ လွှတ်ပေးခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီက NLD အစိုးရလက်ထက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို လက်ရှိကျခံနေရတဲ့ ပြစ်ဒဏ်တွေကနေ တစ်ဝက်ကင်းလွတ်ခွင့်ပေးခဲ့ပါတယ်။

ဒေါ်နန်းခင်ထွေးမြင့်က  ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) နဲ့ နှစ်နှစ် ၊အဂတိလိုက်စားမှု ပုဒ်မ (၅၅) နဲ့ (၅) မှု အတွက် ၇၅ နှစ် အပြင် ရွေးကောက်ပွဲ ဥပဒေနဲ့  ထောင်ဒဏ် (၃)နှစ် စုစုပေါင်း ထောင်ဒဏ် နှစ်ရှစ်ဆယ် ကျခံနေရာမှာ ပြစ်ဒဏ်တွေကို တစ်ဝက်လွတ်ငြိမ်းချမ်းသာခွင့်ရတဲ့အတွက် နှစ်လေးဆယ် အကျဉ်းဆက်လက်ကျခံရမှာဖြစ်ပါတယ်။

ဒီနေ့လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ စစ်ကောင်စီက  ဖမ်းဆီးတရားစွဲဆိုထားတဲ့ ရခိုင့်တပ်တော်  AA  အဖွဲ့ဝင် (၄၆)ဦးလည်းပါဝင်ပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ စာရင်းတွေထဲမှာ သိရိလင်္ကာနိုင်ငံသား (၇)ဦးကိုလည်း လွတ်ပေးခဲ့ပြီးတော့ နိုင်ငံချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးနဲ့ လူသားချင်းစာနာထောက်ထားမှုတွေအရလို့ ပြောဆိုလွတ်ပေးခဲ့တာလည်းဖြစ်ပါတယ်။

ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...
ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...