နယ်စပ်ကဝင်လာတဲ့ အသားချောင်းဟောတော့တစ်မျိုးကို မစားသုံးဖို့ FDA ပြော

နယ်စပ်ကဝင်လာတဲ့ အသားချောင်းဟောတော့တစ်မျိုးကို မစားသုံးဖို့ FDA ပြော

ထိုင်းနယ်စပ်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ အသားချောင်း (ဟော့တော့)တစ်မျိုးကို FDA က မစားသုံးသင့်ကြောင်း ဒီနေ့မှာ သတိပေးလိုက်ပါတယ်။

ဖေဖော်ဝါရီလ (၇) ရက်နေ့က ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တွန်ခေါ့ကျေးရွာက မိသားစုလေးဦး ထိုင်းတံဆိပ်ပါ (အသားချောင်း) ဟော့တော ကို စားမိပြီး အစာအဆိပ်သင့်မှုဖြစ်ပေါ်ခဲ့ပါတယ်။

အသားချောင်း(ဟော့တော့)ကို စားပြီးအစာအဆိပ်သင့်မှုကြောင့် လားရှိုးဆေးရုံကို တက်ရောက်ကုသမှုခံယူခဲ့ပြီး ဒီနေ့ ဖေဖော်ဝါရီလ (၉)ရက်နေ့မှာ ပြန်လည်သက်သာလာပြီး မကြာခင်ဆေးရုံဆင်းခွင့်ရတော့မယ်လို့ သိရပါတယ်။

ဒီ တရားမဝင် အသားချောင်း(ဟော့တော့) စားသုံးမှုတွေကြောင့် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့က ၂၀  ဦးအထိ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ပြီး  သေဆုံးမှုရှိခဲ့တယ်လို့လည်း ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။

FDA က ဒီလို တရားမဝင် ဝင်ရောက်လာတဲ့ အသားချောင်း ( ဟော့တော့) ကို ရောင်းဝယ်ဖောက်ကားသူများကို အရေးယူသွားမယ်လို့လည်း ကြေညာချက်မှာရေးသားထားပါတယ်။

August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...
ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...