နယ်စပ်ကဝင်လာတဲ့ အသားချောင်းဟောတော့တစ်မျိုးကို မစားသုံးဖို့ FDA ပြော

နယ်စပ်ကဝင်လာတဲ့ အသားချောင်းဟောတော့တစ်မျိုးကို မစားသုံးဖို့ FDA ပြော

ထိုင်းနယ်စပ်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ အသားချောင်း (ဟော့တော့)တစ်မျိုးကို FDA က မစားသုံးသင့်ကြောင်း ဒီနေ့မှာ သတိပေးလိုက်ပါတယ်။

ဖေဖော်ဝါရီလ (၇) ရက်နေ့က ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တွန်ခေါ့ကျေးရွာက မိသားစုလေးဦး ထိုင်းတံဆိပ်ပါ (အသားချောင်း) ဟော့တော ကို စားမိပြီး အစာအဆိပ်သင့်မှုဖြစ်ပေါ်ခဲ့ပါတယ်။

အသားချောင်း(ဟော့တော့)ကို စားပြီးအစာအဆိပ်သင့်မှုကြောင့် လားရှိုးဆေးရုံကို တက်ရောက်ကုသမှုခံယူခဲ့ပြီး ဒီနေ့ ဖေဖော်ဝါရီလ (၉)ရက်နေ့မှာ ပြန်လည်သက်သာလာပြီး မကြာခင်ဆေးရုံဆင်းခွင့်ရတော့မယ်လို့ သိရပါတယ်။

ဒီ တရားမဝင် အသားချောင်း(ဟော့တော့) စားသုံးမှုတွေကြောင့် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့က ၂၀  ဦးအထိ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ပြီး  သေဆုံးမှုရှိခဲ့တယ်လို့လည်း ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။

FDA က ဒီလို တရားမဝင် ဝင်ရောက်လာတဲ့ အသားချောင်း ( ဟော့တော့) ကို ရောင်းဝယ်ဖောက်ကားသူများကို အရေးယူသွားမယ်လို့လည်း ကြေညာချက်မှာရေးသားထားပါတယ်။

Most read this week

Photo credit - CJ
December 3, 2025
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ  မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေး...
December 1, 2025
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်...
November 19, 2025
မိုးညှင်းမြို့နယ် နမ္မားမြို့ ရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် အစောပိုင်းမှာ...
Photo credit - CJ
November 18, 2025
ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း (၃၀) ကျော်အထိစျေးနှုန်းမြင့် တက်နေတယ်လို့...