ဗန်းမောက်မြို့နယ်ခမ်းပတ်တောင်ရှိ ရွှေလုပ်ကွက်တစ်ခုဓားပြတိုက်ခံရ

ဗန်းမောက်မြို့နယ်ခမ်းပတ်တောင်ရှိ ရွှေလုပ်ကွက်တစ်ခုဓားပြတိုက်ခံရ
ဗန်းမောက်မြို့နယ်ထဲက ရွှေလုပ်ကွက်ကိုတွေ့ရစဉ် Photo/ShanNi Voice
ဗန်းမောက်မြို့နယ်ထဲက ရွှေလုပ်ကွက်ကိုတွေ့ရစဉ် Photo/ShanNi Voice

ဗန်းမောက်မြို့နယ် မံကပ်ကျေးရွာ အုပ်စု ကော်တာရွာ အနီးရှိ ခမ်းပတ်တောင်က ရွှေလုပ်ကွက်တစ်ခု မနေ့ည က ဓားပြတိုက်ခံလိုက်ရကြောင်း ဒေသခံတွေထံကနေ သိရပါတယ်။

ဖေဖော်ဝါရီ (၆) ရက်နေ့ ညတစ်နာရီအချိန်က ခမ်းပတ်တောင်မှာ ရှိတဲ့ လုပ်ကွက်ကို လူတစ်စုက ဝင်ရောက်ဓားပြတိုက်ခဲ့ပြီး ယမ်းနဲ့ တခြားပစ္စည်းတွေယူဆောင်သွားတယ်လို့ ဆိုပါတယ်။

“ ခမ်းပတ်တောင်က ကုမ္ပဏီဆိုဒ်ပေါ့ ဓားပြတိုက်ခံရတာတော့ရှိတယ်။   (၁၁) ယောက်လောက်ရှိမယ်ထင်တယ် ဘာတွေပါသွားလဲဆိုရင်တော့  ယမ်းအိတ်ပါသွားတယ်လို့ပြောတယ်။ တန်ကြေးကတော့ အားလုံးသိန်းတစ်ထောင်တန်ကြေးရှိတယ်လို့ပြောတာပဲ ။ ဓားတွေနဲ့ဆိုတော့ ဟိုကတစ်ယောက်တည်း အစောင့်တစ်ယောက်တည်းချန်ထားခဲ့တာဆိုတော့လေ၊ အဖွဲ့ကတော့ အတိအကျမသိဘူးပေါ့နော့” ဟု ဒေသခံတစ်ဦးက ဆိုပါတယ်။

ဓားပြတိုက်မှုကို ဘယ်သူတွေဦးဆောင်တာလည်းဆိုတာ မသိရတဲ့အပြင် သတင်းပေါက်ကြားမယ်ဆိုရင် အသက်အန္တရာယ် ကို ထိခိုက်နိုင်တယ်လို့ ခြိမ်းခြောက်ပြောဆိုကြောင်း သိရပါတယ်။

အဲ့ဒီပတ်ဝန်းကျင်မှာ ဓားပြတိုက်မှုက ပထမဆုံးအကြိမ်ဖြစ်လည်း ဖြစ်ပါတယ်။

ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...
ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...