ပျက်စီးသွားတဲ့ဝန်းသိုစော်ဘွားဟော်နန်း ပြန်လည်တည်ဆောက်မည်

ပျက်စီးသွားတဲ့ဝန်းသိုစော်ဘွားဟော်နန်း ပြန်လည်တည်ဆောက်မည်
ဝန်းသိုစော်ဘွားစဝ်အောင်မြတ်ရဲ့ ဟော်နန်း ကိုတွေ့ရစဉ် Photo – ShanNi Voice File Photo
ဝန်းသိုစော်ဘွားစဝ်အောင်မြတ်ရဲ့ ဟော်နန်း ကိုတွေ့ရစဉ် Photo – ShanNi Voice File Photo

အင်္ဂလိပ်ခေတ်မှာ ပျက်စီးသွားတဲ့ ဝန်းသိုစော်ဘွားဟော်နန်းကို ပြန်လည်တည်ဆောက်ဖို့အတွက် အလှူငွေတချို့ရရှိထားပြီး မြေနေရာနှင့် တည်ဆောက်ရေးအတွက် လုပ်ဆောင်သွားမယ်လို့ မုံရွာ-လမ်းတံတားဆရာတော် အရှင်သူရိယက မိန့်ကြားပါတယ်။

“ ဝန်းသိုမှာ ဟော်နန်းတည်ဆောက်သွားမှာပါ။ မြေကွက်တွေကို ဒီကနေလှမ်းမေးနေပါတယ်။လေးငါးနေရာလောက်ပေါ့၊ စျေးချိုမယ့်နေရာစဉ်းစားရတယ်ဗျာ၊ မြေကွက်အကြီးကြီးဆိုတော့ မြို့နဲ့ မနီးမဝေးတဲ့နေရာမှ စျေးချိုမှာကိုးဗျ၊ မင်္ဂလာရှိတဲ့နေရာပြန်ရွေးမယ်ဆိုတော့ မြို့အရှေ့ဘက်ကို ကြိုးစားပြီးရွေးကြည့်ရမှာပေါ့ဗျာ” လို့ အရှင်သူရိယက မိန့်ကြားပါတယ်။

ဖျက်ဆီးခံလိုက်ရတဲ့ ဟော်နန်းကိုလည်း မူလဒီဇိုင်းအတိုင်းတည်ဆောက်သွားမှာဖြစ်ပြီးတော့  ၂၀၁၈ ခုနှစ်က တွက်ချက်မှုအရ သိန်း ၇၀၀၀ ကုန်ကျနိုင်တယ်လို့ အင်ဂျင်နီယာတွေက ခန့်မှန်းထားကြပါတယ်။

ဟော်နန်းတည်ဆောက်မှုကို ၂၀၂၂ ကုန်တွင် ပြီးစီးဖို့ ရည်မှန်းထားပေမယ့် နိုင်ငံရေးအကြပ်အတည်း ၊ ဒေသတွင်းမတည်ငြိမ်မှုတွေကြောင့် အခက်အခဲတွေရှိနိုင်တယ်လို့ ပြောဆိုပါတယ်။

ဝန်းသိုစော်ဘွားရဲ့ ဟော်နန်းတည်နေရာက လက်ရှိအချိန်မှာ ဝန်းသိုမြို့မစျေးအဖြစ်တည်ဆောက်ထားတာလည်းဖြစ်ပါတယ်။

ဝန်းသိုစော်ဘွားရဲ့ ဟော်နန်းကို တည်ဆောက်ဖို့အတွက် ၂၀၁၅ ခုနှစ်ကတည်းက ရည်မှန်းထားခဲ့ကြပြီးတော့ အကောင်အထည်ဖော်ဆောင်နိုင်ခဲ့ခြင်းမရှိကြောင်း သိရပါတယ် ။  

ဝန်းသိုမြို့မှာ ၂၀၂၀ က တည်ဆောက်ပြီးစီးခဲ့သည့် ဝန်းသိုစော်ဘွားရုပ်တုတည်ဆောက်မှုကလည်း အချိန် နှစ်နှစ်ကျော်ကြာ မြင့်ခဲ့ပြီး မြေနေရာအခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့အပြင် ထိုအချိန်က ဌာနဆိုင်ရာတွေရဲ့ ကန့်ကွက်မှုတွေလည်းရှိခဲ့ပါတယ်။

April 21, 2026
ကချင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေတာတွေကို ၂ ပတ်ကြာ ရပ်နားထားမှုကြောင့်...
April 11, 2026
ရှမ်းရိုးရာသင်္ကြန်ပွဲတော်ကို မြစ်ကြီးနားမြို့နယ် နောင်ခမ်းရှမ်းရွာမှာ ရိုးရာယဉ်ကျေးမှုနဲ့အတူ...
April 10, 2026
စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကနေ တိုင်းရင်းသားအခြေပြုပါတီများအနေနဲ့ တစ်နိုင်ငံလုံးရဲ့ (၁၅)...
မြစ်ကြီးနားမြို့ရှိ ဆီခြံမီးလောင်မှုကို ငြိမ်းသတ်နေကြစဉ်/ Credit
April 9, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ၊ရွှေစက်ရပ်ကွက်မှာ စက်သုံးဆီသိုလှောင်ထားတဲ့...