ဗန်းမောက်မြို့နယ်စီးမော်ကျေးရွာရှိစာသင်ကျောင်းအနီးမိုင်းခွဲခံရ

ဗန်းမောက်မြို့နယ်စီးမော်ကျေးရွာရှိစာသင်ကျောင်းအနီးမိုင်းခွဲခံရ

ဗန်းမောက်မြို့နယ် စီးမော်ကျေးရွာမှာ ဖေဖော်ဝါရီလ (၁)ရက်နေ့ ည(၁၀)နာရီကျော် အချိန်က မိုင်းခွဲခံရမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စီးမော်ကျေးရွာမှာရှိတဲ့ စာသင်ကျောင်းအနီးမှာ မနေ့က ဖေဖော်ဝါရီ(၁)ရက်နေ့ အာဏာသိမ်းနှစ်ပတ်လည်နေ့ သတိပေးတဲ့အနေနဲ့  PDF တွေကပြုလုပ်တာဖြစ်တယ်လို့   ဒေသခံတွေက ရှမ်းနီအသံကို ပြောဆိုပါတယ်။

ထိုပေါက်ကွဲမှုကြောင့် ပျက်စီးမှုအကြောင်းကိုတော့ မသိရေသေးပေ။

ဒါ့အပြင် မံကပ်ကျေးရွာနဲ့ နားမှော်ကျေးရွာအနီးမှာလည်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။

ဗန်းမောက်မြို့နယ် တောင်းပိုင်းက နားမော်ကျေးရွာမှာရှိတဲ့ မိုင်တဲတာဝါတိုင်တစ်ခု ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့ည ၈ နာရီခွဲကျော်အချိန်က မိုင်းခွဲခံရမှုလည်းဖြစ်ပွားခဲ့ပါတယ်။

ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...
ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...