ငါးဖမ်းလှေနှင့်မျောပါလာသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ဦး ကျောက်ဖြူတွင် ဖမ်းဆီးခံရ

ငါးဖမ်းလှေနှင့်မျောပါလာသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ဦး ကျောက်ဖြူတွင် ဖမ်းဆီးခံရ

စက်ချို့ယွင်းမှု ဖြစ်ပေါ်၍  ငါးဖမ်းလှေနှင့် အတူ မျောပါလာသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ခြောက်ဦးကို ရခိုင်ပြည်နယ် ကျောက်ဖြူတွင် ဖမ်းဆီးမိသည်ဟု သတင်းရရှိသည်။

ရခိုင်ပြည်နယ်မှ အစိုးရသတင်းများကို ပုံမှန် ဖော်ပြနေသည့် ရခိုင်နေ့စဉ်တွင် ယင်းသတင်းကို ဖော်ပြရာတွင် သတင်းအရ လုံခြုံရေးအဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ဦးအား တွေ့ရှိ ဖမ်းမိကြောင်း ဖော်ပြသည်။

၎င်းတို့အား ကျောက်ဖြူမြို့၊ စေတီယျရပ်ကွက်ရှိ NCR အအေးခန်းစက်ရုံအနီး ပင်လယ်ကမ်းခြေ၌ ဖေဖော်ဝါရီ ၁ ရက် နံနက် ၇ နာရီ တွင် သစ်သား စက်လှေ(၁)စီးနှင့် တစ်စီးနှင့် အတူ ဖမ်းမိသည်ဟု ဆိုသည်။

စစ်ဆေးတွေ့ရှိချက်အရ ၎င်းတို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက်ကနက် (ကယုချောင်း)မြို့နယ် ၊ နိုဝါခါလီ ကျေးရွာ၊ ရာဇာဆားရတ်မှ ဖြစ်ကြပြီး  ငါးဖမ်းရန်ထွက်ခွာလာစဉ် စက်ချို့ယွင်းမှု ဖြစ်ပေါ်ကာ ရေစီးဖြင့် မျောပါလာခဲ့ရာမှ ကျောက်ဖြူသို့  ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

လက်ရှိ ၎င်းတို့ ၆ ဦးအား ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးခဲ့ရာ ရောဂါပိုးမရှိကြောင်းနှင့် မြို့နယ်(လဝက)မှ လိုအပ်သောစစ်ဆေး ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...