ငါးဖမ်းလှေနှင့်မျောပါလာသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ဦး ကျောက်ဖြူတွင် ဖမ်းဆီးခံရ

ငါးဖမ်းလှေနှင့်မျောပါလာသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ဦး ကျောက်ဖြူတွင် ဖမ်းဆီးခံရ

စက်ချို့ယွင်းမှု ဖြစ်ပေါ်၍  ငါးဖမ်းလှေနှင့် အတူ မျောပါလာသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ခြောက်ဦးကို ရခိုင်ပြည်နယ် ကျောက်ဖြူတွင် ဖမ်းဆီးမိသည်ဟု သတင်းရရှိသည်။

ရခိုင်ပြည်နယ်မှ အစိုးရသတင်းများကို ပုံမှန် ဖော်ပြနေသည့် ရခိုင်နေ့စဉ်တွင် ယင်းသတင်းကို ဖော်ပြရာတွင် သတင်းအရ လုံခြုံရေးအဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ဦးအား တွေ့ရှိ ဖမ်းမိကြောင်း ဖော်ပြသည်။

၎င်းတို့အား ကျောက်ဖြူမြို့၊ စေတီယျရပ်ကွက်ရှိ NCR အအေးခန်းစက်ရုံအနီး ပင်လယ်ကမ်းခြေ၌ ဖေဖော်ဝါရီ ၁ ရက် နံနက် ၇ နာရီ တွင် သစ်သား စက်လှေ(၁)စီးနှင့် တစ်စီးနှင့် အတူ ဖမ်းမိသည်ဟု ဆိုသည်။

စစ်ဆေးတွေ့ရှိချက်အရ ၎င်းတို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက်ကနက် (ကယုချောင်း)မြို့နယ် ၊ နိုဝါခါလီ ကျေးရွာ၊ ရာဇာဆားရတ်မှ ဖြစ်ကြပြီး  ငါးဖမ်းရန်ထွက်ခွာလာစဉ် စက်ချို့ယွင်းမှု ဖြစ်ပေါ်ကာ ရေစီးဖြင့် မျောပါလာခဲ့ရာမှ ကျောက်ဖြူသို့  ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

လက်ရှိ ၎င်းတို့ ၆ ဦးအား ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးခဲ့ရာ ရောဂါပိုးမရှိကြောင်းနှင့် မြို့နယ်(လဝက)မှ လိုအပ်သောစစ်ဆေး ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...