ဖောင်းပြင် PDF အဖွဲ့ ရဲစခန်းဝင်ရောက်တိုက်ခိုက်ပြီး သိမ်းဆည်းရမိတဲ့ လက်နက်တွေထုတ်ပြ

ဖောင်းပြင် PDF အဖွဲ့ ရဲစခန်းဝင်ရောက်တိုက်ခိုက်ပြီး သိမ်းဆည်းရမိတဲ့ လက်နက်တွေထုတ်ပြ

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဖောင်းပြင်မြို့နယ်မှာ ရှိတဲ့ မိုင်းချောင်းရဲစခန်း နဲ့ ရေအာက်တောင်းရဲစခန်းနှစ်ကို  ဖောင်းပြင် PDF နဲ့ ပြည်သူ့ကာကွယ်ရေးတပ် တွေကို တစ်ရက်တည်းဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။

 

ဇန်နဝါရီလ ၂၂ ရက်နေ့ ဝင်ရောက်စီးနင်းခဲ့တဲ့ ရဲစခန်းနှစ်ခုစီကနေ ရရှိခဲ့တဲ့ လက်နက်တွေကို PDF တွေက ထုတ်ပြန်ခဲ့ပါတယ်။

ဒီစခန်းနှစ်ခုကနေ စခန်းမှူးအပါအဝင် ရဲတပ်သား (၈) ဦးလည်း ဖမ်းဆီးခံခဲ့ရတာလည်းဖြစ်ပါတယ်။

သိမ်းဆည်းရမိတဲ့ လက်နက်စုစုပေါင်း   (၁၁) လက် ၊ ကျည်ထောင့် စုစုပေါင်း (၁၉၀၀) ကျော် ၊ စကားပြောစက် ၊ ကွန်ပျူတာများ နှင့် ငွေနှစ်ဆယ့်တစ်သိန်းကျော် သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။

ဖောင်းပြင် PDF အဖွဲ့က ဇန်နဝါရီလ ၂၃ ရက်နေ့ညမှာလည်း လွင်ကြီးရဲစခန်းကို မီးရှိ့ဖျက်ဆီးမှုပြုလုပ်ခဲ့ပြီး ရဲစခန်းအပါအဝင် ဝန်ထမ်းတန်းလျားများ မီးလောင်ပျက်ဆီးခဲ့ကြောင်းသိရပါတယ်။

ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...
ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...