ဘီးလင်းမြို့နယ်အတွင်းရှိ ရွာနှစ်ရွာ စစ်တပ်က ရိက္ခာဖြတ်တောက်ထားဟုဆို

ဘီးလင်းမြို့နယ်အတွင်းရှိ ရွာနှစ်ရွာ စစ်တပ်က ရိက္ခာဖြတ်တောက်ထားဟုဆို

မွန်ပြည်နယ် ဘီးလင်းမြို့အနယ်အတွင်းရှိ ဝင်းမောင်းရွာနှင့် မဲ့ဝိုင်ရွာ နှစ်ရွာကို ဒေကာကွယ်ရေးတပ် (PDF)များနှင့် အဆက်အသွယ်ပြုလုပ်သည်ဟုဆိုကာ စစ်တပ်ကရိက္ခာများသယ်ယူခွင့်မပြုဘဲ ရိက္ခာဖြတ်ထားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

ရိက္ခာများ ဖြတ်တောက်ထားသည်မှာ ၇ လခန့်ရှိပြီးဖြစ်ပြီး ဆန်နှင့် ဆေးဝါးများကို အဓိက ဖြတ်တောက်ထားခြင်းဖြစ်ကြောင်း သိရသည်။

"ရွာကို ၇ လပိုင်းလောက် ကတည်းကရိက္ခာတွေ ဖြတ်လိုက်တယ်။ ရွာက PDF တွေကို ထောက်ပံ့တယ်ဆိုပြီး စွပ်စွဲတယ်။ မြို့ပေါ်လည်းမတက်ခိုင်းဘူး"ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

စစ်တပ်ဘက်မှ  အဆိုပါကျေးရွာရှိဒေသခံများကို မြို့တက်ရန် တစ်ကြိမ်တွင် လူနှစ်ဦးထက်မပိုရန် ကန့်သတ်ထားကြောင်းဆိုသည်။

ရိက္ခာအတွက် ဝင်းမောင်းရွာနှင့် မဲ့ဝိုင်ရွာနားတွင် စစ်တပ်နှင့် ကရင်ပြည်နယ်ခြားစောင့်တပ် (BGF)မှ ပူးပေါင်းဂိတ်တစ်ခုထားရှိပြီး ဖြတ်သန်းသွားလာပါက ဂိတ်ကြေး ၅၀၀၀ ခန့် အထိ ပေးဆောင်နေရကြောင်း သိရသည်။

ရိက္ခာ ဖြတ်တောက်ခံထားရသည့် ရွာနှစ်ရွာအတွက် စားဝတ်နေရေးကို ကရင်အမျိုးသားအစည်းအရုံး (KNU) က ကူညီထောက်ပံ့ပေးနေသည်ဟုဆိုသည်။

ယခုရက်အတွင်း မွန်ပြည်နယ်တွင် အအေးပိုလာသောကြောင့် စားနပ်ရိက္ခာများအပြင် အနွေးထည်များပါ လိုအပ်လာကြောင်း စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ဆိုသည်။

ဘီးလင်းမြို့နယ်တွင် တပ်မတော်နဲ့ KNU တို့ ကြားတိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသူ ၃၀၀၀ ကျော်အထိရှိလာကြောင်း သတင်းများတွင် ဖော်ပြထားသည်။

May 13, 2026
တနင်္သာရီမြို့နယ် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်စခန်းရှိရာ မောတောင်မြို့ကို ပြန်ရရေး...
May 12, 2026
စစ်ကော်မရှင်မှ ယခုမေလအတွင်း ပြုလုပ်မည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးသစ်...
တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်
May 11, 2026
စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မေလ ၈ ရက်နေ့တွင်...
ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...