ဘီးလင်းမြို့နယ်အတွင်းရှိ ရွာနှစ်ရွာ စစ်တပ်က ရိက္ခာဖြတ်တောက်ထားဟုဆို

ဘီးလင်းမြို့နယ်အတွင်းရှိ ရွာနှစ်ရွာ စစ်တပ်က ရိက္ခာဖြတ်တောက်ထားဟုဆို

မွန်ပြည်နယ် ဘီးလင်းမြို့အနယ်အတွင်းရှိ ဝင်းမောင်းရွာနှင့် မဲ့ဝိုင်ရွာ နှစ်ရွာကို ဒေကာကွယ်ရေးတပ် (PDF)များနှင့် အဆက်အသွယ်ပြုလုပ်သည်ဟုဆိုကာ စစ်တပ်ကရိက္ခာများသယ်ယူခွင့်မပြုဘဲ ရိက္ခာဖြတ်ထားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

ရိက္ခာများ ဖြတ်တောက်ထားသည်မှာ ၇ လခန့်ရှိပြီးဖြစ်ပြီး ဆန်နှင့် ဆေးဝါးများကို အဓိက ဖြတ်တောက်ထားခြင်းဖြစ်ကြောင်း သိရသည်။

"ရွာကို ၇ လပိုင်းလောက် ကတည်းကရိက္ခာတွေ ဖြတ်လိုက်တယ်။ ရွာက PDF တွေကို ထောက်ပံ့တယ်ဆိုပြီး စွပ်စွဲတယ်။ မြို့ပေါ်လည်းမတက်ခိုင်းဘူး"ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

စစ်တပ်ဘက်မှ  အဆိုပါကျေးရွာရှိဒေသခံများကို မြို့တက်ရန် တစ်ကြိမ်တွင် လူနှစ်ဦးထက်မပိုရန် ကန့်သတ်ထားကြောင်းဆိုသည်။

ရိက္ခာအတွက် ဝင်းမောင်းရွာနှင့် မဲ့ဝိုင်ရွာနားတွင် စစ်တပ်နှင့် ကရင်ပြည်နယ်ခြားစောင့်တပ် (BGF)မှ ပူးပေါင်းဂိတ်တစ်ခုထားရှိပြီး ဖြတ်သန်းသွားလာပါက ဂိတ်ကြေး ၅၀၀၀ ခန့် အထိ ပေးဆောင်နေရကြောင်း သိရသည်။

ရိက္ခာ ဖြတ်တောက်ခံထားရသည့် ရွာနှစ်ရွာအတွက် စားဝတ်နေရေးကို ကရင်အမျိုးသားအစည်းအရုံး (KNU) က ကူညီထောက်ပံ့ပေးနေသည်ဟုဆိုသည်။

ယခုရက်အတွင်း မွန်ပြည်နယ်တွင် အအေးပိုလာသောကြောင့် စားနပ်ရိက္ခာများအပြင် အနွေးထည်များပါ လိုအပ်လာကြောင်း စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ဆိုသည်။

ဘီးလင်းမြို့နယ်တွင် တပ်မတော်နဲ့ KNU တို့ ကြားတိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသူ ၃၀၀၀ ကျော်အထိရှိလာကြောင်း သတင်းများတွင် ဖော်ပြထားသည်။

Most read this week

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...