ဒေသန္တရအမိန့်ကို အကြောင်းပြကာ မွန်ပြည်နယ်အတွင်း ဒေသခံများကို ဆက်တိုက်ဖမ်းဆီးနေ

ဒေသန္တရအမိန့်ကို အကြောင်းပြကာ မွန်ပြည်နယ်အတွင်း ဒေသခံများကို ဆက်တိုက်ဖမ်းဆီးနေ
ပုံဟောင်း (Crd)
ပုံဟောင်း (Crd)

မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့် ဖောက်ဖျက်မှု အကြောင်းပြချက်ဖြင့် ဆက်တိုက်ဆိုသလို ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

သထုံခရိုင်အတွင်းရှိ ပေါင်၊ သထုံ၊ ဘီးလင်းနှင့် ကျိုက်ထိုမြို့နယ်တို့တွင် စစ်တပ်အသွင်းပြောင်းအစိုးရ လက် ထက်၌ အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူမစီးရခြင်းနှင့် ည ၁၂ နာရီမှ မနက် ၄ နာရီအထိ ညမထွက်ရ စသည့် ဒေသန္တရအမိန့်များကို ဆက်လက်ထုတ်ပြန်ထားသည်။

အဆိုပါ ဒေသန္တရအမိန့် အကြောင်းပြချက်ဖြင့် စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက လမ်းသွားလမ်း လာ ပြည်သူများကို ညပိုင်းအချိန်များတွင် ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေကြခြင်း ဖြစ်သည်။

ဒေသတွင်း သတ်မှတ်ထားသည့် ဒေသန္တရအမိန့်များကို အကြောင်းပြကာ ဆက်တိုက်ဖမ်းဆီးနေပြီး ၎င်းတို့ထဲမှ စစ်မှုထမ်းအကျုံးဝင်သည့် လူငယ်များကို ပိုမိုပစ်မှတ်ထားနေကြောင်း ဘီးလင်းဒေသခံတစ်ဦးက သံလွင်တိုင်းမ် ကို ပြောသည်။

“ပထမက ဆိုင်ကယ် နှစ်ယောက် သုံးယောက် မစီးရဘူးဆိုတဲ့ ပုံစံမျိုးနဲ့ ဒေသန္တရအမိန့် ဖောက်ဖျက်တယ်ဆိုပြီး ဖမ်းဆီးတာ၊ ဒီနောက်ပိုင်းကတော့ ည ၁၀ နာရီ - ၁၁ နာရီလောက်ဆို စဆွဲပြီ။ ဖမ်းဆီးတဲ့သူတွေကိုလည်း ဒေသန္တရအမိန့် ဖောက်ဖျက်တယ်ဆိုပြီး ဆွဲနေတာ။”

ထိုသို့ ဒေသန္တရအမိန့် ဖောက်ဖျက်ကျူးလွန်သည်ဟူသော အကြောင်းပြချက်ဖြင့် ဖမ်းဆီးခံရသူများအနက် စစ်တပ်နှင့်နီးစပ်သူများကို ငွေကြေးတောင်းခံကာ ပြန်လွှတ်ပေးခြင်းများ ရှိသလို ငွေကြေးမပေးနိုင်သူများကိုမူ စစ်မှုထမ်းရန် စုဆောင်းမှုများ ရှိနေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

စစ်တပ်နှင့် ရဲတပ်ဖွဲ့က ညဘက်များတွင် ကင်းလှည့်ကာ ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းကြောင့် ဒေသခံများအနေ ဖြင့် ညဘက်တွင် အပြင်မထွက်ရဲဘဲ စိုးရိမ်ပူပန်နေကြရကြောင်း ဆိုသည်။

ပေါင်ဒေသခံတစ်ဦးကလည်း “ည ၁၀ နာရီခွဲ၊ ၁၁ နာရီဆို သူတို့ ကင်းလှည့်တယ်။ တွေ့ရင် ဖမ်းတယ်။ ဖမ်းပြီး ရင် တချို့ဆို လုံးလုံးပေးမတွေ့ဘူး။ ဟိုတစ်လောလေးက ၂၅ သိန်းလား သိန်း ၃၀ လား မသိဘူး၊ အဲဒါပေးပြီး ပြန်ရွေးခဲ့ရတယ်။ မြို့ထဲမှာ အခု ညဘက် သိပ်မထွက်ရဲတော့ဘူးပေါ့” ဟု ပြောသည်။

တစ်ဖက်တွင်လည်း စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့သည် လုံခြုံရေးအကြောင်းပြချက်ဖြင့် မြို့ဝင်မြို့ထွက်များတွင် စစ်ဆေးခြင်း၊ မြို့တွင်းလူစည်ကားရာ နေရာများတွင် ပိတ်ဆို့စစ်ဆေးခြင်းအပြင် မထင်မှတ်သည့် နေရာများတွင် ပါ စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ စစ်ဆေးရာ၌ ဒေသတွင်းလူငယ်များအပြင် ဒေသန္တရအမိန့်များကို မသိနားမလည်ကြသည့် ဒေသခံများကို ပါ ဖမ်းဆီးကာ ငွေညှစ်အနိုင်ကျင့်မှုများ ပြုလုပ်နေကြသည်။

ယခုလက်ရှိကာလသည် မိုးရာသီကာလဖြစ်သဖြင့် သထုံခရိုင်အတွင်းရှိ ရေတံခွန်နှင့် စမ်းချောင်းများသို့ လာ ရောက်လည်ပတ်ကြပြီး ဒေသန္တရအမိန့်ကို မသိရှိကြသည့် ခရီးသွားပြည်သူများကိုပါ ပစ်မှတ်ထား ဖမ်းဆီးမှုများ ရှိနေကြောင်း ဒေသခံများက ဆိုသည်။

သထုံခရိုင်တွင် စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း ဒေသခံများကို အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးမှုများ ပြုလုပ်နေသလို ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက် ဒေသန္တရအမိန့်အကြောင်းပြ ချက်ဖြင့် ဆက်တိုက်ဖမ်းဆီးကာ စစ်သားသစ် စုဆောင်းနေမှုများ ဆက်လက် ဖြစ်ပွားနေသည်။

သရက်ခရိုင် အမှတ် ၄ တပ်ရင်း
September 15, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၌ စစ်အုပ်စုတပ်က လေကြောင်းမှ အကြောင်းမဲ့ လာရောက်တိုက်ခိုက်ခဲ့သဖြင့်...
ဓာတ်ပုံ - Crd / (ပုံစာ - ကျိုက်မရော ဗဟိုအကျဉ်းထောင်အား တွေ့ရစဉ်။)
September 12, 2026
မွန်ပြည်၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်တွင် အခုရက်ပိုင်းအတွင်း ဆေးဝါးကုသခွင့် မရရှိသည့်အတွက် သွေး...
ဓာတ်ပုံ – MPU
September 11, 2026
အာဏာသိမ်းမှုကို အရင်းခံ၍ စစ်အုပ်စုတပ် ဦးဆောင်ကျင်းပခဲ့သည့် အပိုင်းလိုက် ရွေးကောက်ပွဲမှ ပေါ်ပေါက်...
ဓါတ်ပုံ – NUG
September 10, 2026
မဏ္ဍိုင်သုံးခုဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်...