ဒီးမော့ဆိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၈ ဦးသေဆုံးပြီး KNDF မှ လက်နက်ခဲယမ်း စစ်အသုံးအဆောင်ပစ္စည်းသိမ်းဆည်းရမိ၊ ကရင်နီရဲဘော်တစ်ဦး ကျဆုံး

ဒီးမော့ဆိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၈ ဦးသေဆုံးပြီး KNDF မှ လက်နက်ခဲယမ်း စစ်အသုံးအဆောင်ပစ္စည်းသိမ်းဆည်းရမိ၊ ကရင်နီရဲဘော်တစ်ဦး ကျဆုံး

ကရင်နီပြည် ဒီးမော့ဆိုမြို့ ဒေါဆိုရှေ့ကျေးရွာအနီးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် နဲ့ ကရင်နီတပ်မတော် (KA)၊ KNDF ပူးပေါင်းတပ်တို့မှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖက်မှ ၈ဦးသေဆုံး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကရင်နီတပ်မတော်(KA) မှရဲဘော်တစ်ဦး ကျဆုံးသွားတယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေးဌာနက ဇန်နဝါရီ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွင်း KNDFမှ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီတပ်ဖက် အထိနာတဲ့အတွက် နေ့လည်ပိုင်း(၂နာရီခွဲ)မှာ လေကြောင်းနဲ့ ၃ ကြိမ်တိုင်တိုင် လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ပါရှိပါတယ်။

ဇန်နဝါရီ ၉ ရက်နေ့ မနက်ပိုင်းမှာလည်း လွိုင်ကော်မြို့ ပန်ကန်းနဲ့ မိုင်းလုံးရပ်ကွက်မှာ KNDFနဲ့ PDFပူးပေါင်းမဟာမိတ်အဖွဲ့တွေကနေပြီး နယ်မြေရှင်းလင်းရေး ပြုလုပ်နေစဉ် စစ်ကောင်စီနဲ့ထိတွေ့ တိုက်ပွဲ အနည်းငယ် ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှု မသိရှိရသေးဘူးလို့ ဖော်ပြထားပါတယ်။

အလားတူ ဒီးမော့ဆိုမြို့ ၆မိုင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၀)ယောက်ထက်မနည်းကျဆုံးပြီး ထိခိုက်ဒဏ်ရာရမှုရှိခဲ့သလို စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းနဲ့ဆက်သွယ်ရေးပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ Karenni People Defense Force (KPDF) က သတင်းထုတ်ပြန်ပါတယ်။

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...