ဒီးမော့ဆိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၈ ဦးသေဆုံးပြီး KNDF မှ လက်နက်ခဲယမ်း စစ်အသုံးအဆောင်ပစ္စည်းသိမ်းဆည်းရမိ၊ ကရင်နီရဲဘော်တစ်ဦး ကျဆုံး

ဒီးမော့ဆိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၈ ဦးသေဆုံးပြီး KNDF မှ လက်နက်ခဲယမ်း စစ်အသုံးအဆောင်ပစ္စည်းသိမ်းဆည်းရမိ၊ ကရင်နီရဲဘော်တစ်ဦး ကျဆုံး

ကရင်နီပြည် ဒီးမော့ဆိုမြို့ ဒေါဆိုရှေ့ကျေးရွာအနီးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် နဲ့ ကရင်နီတပ်မတော် (KA)၊ KNDF ပူးပေါင်းတပ်တို့မှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖက်မှ ၈ဦးသေဆုံး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကရင်နီတပ်မတော်(KA) မှရဲဘော်တစ်ဦး ကျဆုံးသွားတယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေးဌာနက ဇန်နဝါရီ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွင်း KNDFမှ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီတပ်ဖက် အထိနာတဲ့အတွက် နေ့လည်ပိုင်း(၂နာရီခွဲ)မှာ လေကြောင်းနဲ့ ၃ ကြိမ်တိုင်တိုင် လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ပါရှိပါတယ်။

ဇန်နဝါရီ ၉ ရက်နေ့ မနက်ပိုင်းမှာလည်း လွိုင်ကော်မြို့ ပန်ကန်းနဲ့ မိုင်းလုံးရပ်ကွက်မှာ KNDFနဲ့ PDFပူးပေါင်းမဟာမိတ်အဖွဲ့တွေကနေပြီး နယ်မြေရှင်းလင်းရေး ပြုလုပ်နေစဉ် စစ်ကောင်စီနဲ့ထိတွေ့ တိုက်ပွဲ အနည်းငယ် ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှု မသိရှိရသေးဘူးလို့ ဖော်ပြထားပါတယ်။

အလားတူ ဒီးမော့ဆိုမြို့ ၆မိုင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၀)ယောက်ထက်မနည်းကျဆုံးပြီး ထိခိုက်ဒဏ်ရာရမှုရှိခဲ့သလို စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းနဲ့ဆက်သွယ်ရေးပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ Karenni People Defense Force (KPDF) က သတင်းထုတ်ပြန်ပါတယ်။

August 17, 2026
အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို အာမခံနိုင်မှု...
ဓာတ်ပုံ - ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ရှိ ဆေးပေးခန်း (ပုံဟောင်း)
August 17, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ အဖြစ်...
August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...