ကရင်နီဒုက္ခသည်စခန်း (၁) တွင် အသက်ရှူလမ်းကြောင်းရောဂါ ဖြစ်ပွားမှု မြင့်တက်

ကရင်နီဒုက္ခသည်စခန်း (၁) တွင် အသက်ရှူလမ်းကြောင်းရောဂါ ဖြစ်ပွားမှု မြင့်တက်
ဓာတ်ပုံ - ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ရှိ ဆေးပေးခန်း (ပုံဟောင်း)
ဓာတ်ပုံ - ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ရှိ ဆေးပေးခန်း (ပုံဟောင်း)

ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ အဖြစ် များနေပြီး တစ်ရက်လျှင် ဆေးခန်း လာရောက်ပြသသူ လူဦးရေ ၅၀ မှ ၈၀ ဝန်းကျင်အထိ ရှိနေကြောင်း ကျန်းမာ ရေး တာဝန်ရှိသူများက ပြောသည်။

လက်ရှိတွင် နှာစေး၊ ချောင်းဆိုးနှင့် လည်ချောင်းနာသည့် ရောဂါများ အဖြစ်များနေပြီး အသက် ၁၅ နှစ်အောက် ကလေးငယ်များတွင် ပိုမိုဖြစ်ပွားလျက်ရှိသည်။

ကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးဖြစ်သည့် နော်ခူဖောက “တစ်ရက်ကို ပျမ်းမျှဆိုလို့ရှိရင် ၅၀ နဲ့ ၈၀ အကြား ရှိတာပေါ့နော။ ရာသီအလိုက်ဖြစ်တဲ့ ရောဂါများတဲ့ အချိန်ဆိုရင်တော့ ၁၀၀ နီးပါးလောက်တော့ ရှိတယ်။ အခု လောလောဆယ် အသက်ရှူလမ်းကြောင်းနဲ့ ဆိုင်တဲ့ နှာစေး၊ ချောင်းဆိုး၊ လည်ချောင်းနာတာတွေ ပိုဖြစ်များ တယ်။ ဒုတိယကတော့ အရေပြား ရောဂါပေါ့နော” ဟု ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လမှ ဩဂုတ်လ ပထမပတ်အထိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) နှင့် (၂) တို့၌ ဆေးခန်း လာရောက်ပြသသူ စုစုပေါင်း ၃,၂၇၄ ဦး ရှိခဲ့ရာ ယင်းအနက် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာ ဖြစ်ပွားသူ ၈၂၆ ဦး၊ အရေပြားရောဂါ ဖြစ်ပွားသူ ၄၀၀ ဦးနှင့် လက်ရှိ ဆေးခန်း၌ တက်ရောက်ကုသမှု ခံယူနေသူ ၇၀ ဦး ရှိခဲ့သည်။

အဆိုပါ ရောဂါများသည် ရာသီအလိုက် ဖြစ်ပွားတတ်သည့် ရောဂါများဖြစ်ပြီး ယခု မိုးရာသီကာလတွင် ပိုမို ဖြစ်ပွားလာခြင်းဖြစ်ကြောင်း ကျန်းမာရေး တာဝန်ရှိသူများက ဆိုသည်။

အမေရိကန်နိုင်ငံက ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်များအတွက် ကျန်းမာရေးဝန်ဆောင်မှု ရန်ပုံငွေ ထောက်ပံ့ပေးမှု ရပ်နားလိုက်ပြီးနောက် ဆေးခန်း၌ ကျန်ရှိသည့် ဆေးဝါးများနှင့် ဆေးဖက်ဆိုင်ရာ ပစ္စည်းများကို သာ ဆက်လက် အသုံးပြုနေရသဖြင့် ဆေးဝါး ပြတ်လပ်မှုများ ကြုံတွေ့နေရသည်။

နော်ခူဖောက “ကျန်တဲ့ပစ္စည်းတွေ၊ ဆေးဝါးတွေနဲ့ တခြားသောဆေးဝါးမဟုတ်တဲ့ ပစ္စည်းတွေကလည်း ကူညီတဲ့ အဖွဲ့တွေက မရှိတော့ဘူးပေါ့နော။ သိုလှောင်ခန်းထဲမှာ ကျန်တဲ့ဆေးတွေနဲ့ ကျမတို့ဆက်ပြီး အသုံးပြုနေတယ်။ အခုတော့ ဆေးတွေက ပြတ်တောက်တာမျိုးဖြစ်လာတယ်” ဟု ဆက် ပြောသည်။

လက်ရှိတွင် အခြေခံ ဆေးဝါးများအပြင် ပတ်တီး၊ ဆေးထုပ်အိတ်၊ အပူချိန်တိုင်းစက်နှင့် အခြား ဆေးဖက်ဆိုင်ရာ သုံးစွဲဖွယ် ပစ္စည်းများလည်း လိုအပ်လျက်ရှိသည်။

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...
September 7, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း အာဏာသိမ်း စစ်အုပ်စုတပ်က ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြု၍...
September 4, 2026
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့်...
September 3, 2026
ကရင်နီပြည်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသတို့တွင် လာမည့် စက်တင်ဘာလ ၆ ရက်နှင့် ၇...