လေးကေ့ကော်မြို့သစ်တွင် တိုက်ပွဲဆက်ဖြစ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံး

လေးကေ့ကော်မြို့သစ်တွင် တိုက်ပွဲဆက်ဖြစ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံး

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ ၁၀ မိုင်ခန့်အကွာရှိ ငြိမ်းချမ်းရေးမြို့တော် လေးကေ့ကော် မြို့သစ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် နယ်မြေခံ KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဆက်လက် ဖြစ်ပွားနေပြီး ယမန်နေ့ ဇန်နဝါရီလ ၄ ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ ဝင်လေးဦးသေဆုံးခဲ့ကြောင်း KNU ဒူးပလာခရိုင်က ယနေ့တွင်သတင်းထုတ်ပြန်သည်။

လေးကေ့ကော်မြို့သစ်၊ ရပ်ကွက် (၃) တွင် ယမန်နေ့ဇန်နဝါရီလ ၄ ရက်နေ့၊ နံနက် ၅ နာရီဝန်းကျင်တွင် အာဏာသိမ်း စစ်ကောင်စီ တပ်မ (၄၄) လက်အောက်ခံ၊ ၂၀၇ တပ်ရင်းနှင့် KNLA တပ်ရင်း (၂၇) တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲအတွင်း အာဏာသိမ်းစစ်ကောင်စီဘက်မှ လက်နက်ကြီးအချက် ၃၀ ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ သည့်အတွက် လူနေအိမ်အများအပြား ထိခိုက်ပျက်စီးမှု ရှိခဲ့သည်ဟု ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။

ယင်းအပြင် တိုက်ပွဲဖြစ်ပွားပြီးနောက် အာဏာသိမ်း စစ်ကောင်စီတပ်မှ လေးကေ့ကော်မြို့သစ် ရပ်ကွက်များအတွင်းသို့ ဝင်ရောက်ပြီး လူနေအိမ်ခန်းများကို မွှေနှောက်ကာ စားစရာပစ္စည်းများအပြင် တန်ဖိုးရှိပစ္စည်းများကို ယူဆောင်သွားကြောင်း KNU က ဆိုသည်။

အလားတူ လွန်ခဲ့သည့် ရက်အနည်းငယ်တွင်လည်း မယ်ထော်သလေးကျေးရွာက လူနေအိမ်များရှိ ပစ္စည်းများအပြင် ဒေသခံပြည်သူများ၏ ဆိုင်ကယ် ၁၀ စီးကို ဆယ်ဘီးကားဖြင့် တင်ယူဆောင်သွားကြောင်း သိရသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေ၊ လေးကေ့ကော်မြို့သစ်တွင် နယ်မြေခံ KNLA တပ်နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြား ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က စတင်တိုက်ပွဲဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲသည် ရက်ပေါင်း ၂၀ ခန့် ကြာမြင့်နေပြီ ဖြစ်သည်။

လေးကေ့ကော် တိုက်ပွဲကြောင့် အရပ်သားပြည်သူ ၁၆၀,၀၀ ဝန်းကျင်ခန့် မြန်မာဘက်ခြမ်း သောင်ရင်းမြစ် ကမ်းဘေးနှင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးခိုလှုံနေကြရဆဲ ဖြစ်သည်။

April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...