ဒေါက်တာအေးဇံ၏ ဇနီးနှင့်သားတို့အား လားရောက်ဖမ်းဆီးရာတွင် ဇနီးဖြစ်သူ လက်တစ်ဖက်သေနတ်ထိမှန်ခဲ့ဟုဆို

ဒေါက်တာအေးဇံ၏ ဇနီးနှင့်သားတို့အား လားရောက်ဖမ်းဆီးရာတွင် ဇနီးဖြစ်သူ လက်တစ်ဖက်သေနတ်ထိမှန်ခဲ့ဟုဆို

မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံ၏ ဇနီးနှင့် သားဖြစ်သူတို့ကို နေအိမ်တွင် လာရောက်ပစ်ခတ်ဖမ်းဆီးခဲ့သည့်အတွက် ဇနီးဖြစ်သူ ဒေါ်ခင်အေးမူ၏ လက်တစ်ဖက် သေနတ်ကျည်ဆန်ထိမှန်ခဲ့သည်ဟု မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

"ဘာကြောင့် ဖမ်းတယ်ဆိုတာကတော့ မသိရဘူး။ အိမ်ထဲကို သေနတ်တွေ ဖောက်ပြီး ဝင်လာတယ်လို့ပဲ သိရတယ်။ ခေါ်သွားတယ်။ ဘယ်ကိုခေါ်သွားလဲဆိုတာလည်း မသိရသေးဘူး၊ ဒေါ်ခင်အေးမူ လက်တစ်ဖက်သေနတ်မှန်သွားတယ်၊ အိမ်နံရံမှာ သွေးစက်ကျန်နေခဲ့တာ" ဟု ၄င်းက ဆိုသည်။

သို့ရာတွင် အဆိုပါသေနတ်ပစ်ခတ်မှုဖြစ်စဥ်နှင့် ထိခိုက်ဒဏ်ရာရရှိမှုအပေါ်  မွန်သတင်းအေဂျင်စီက သီးခြားအတည်နိုင်ခြင်း မရှိသေးပေ။

ဒေါက်တာအေးဇံ၏ဇနီး ဒေါ်ခင်အေးမူ နှင့် သားဖြစ်သူ ကိုနေဖြိုးဇံ တို့ကို ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်အပိုင် သုံးခွကျေးရွာရှိနေအိမ်၌ ရှိနေစဥ် ဇန်နဝါရီ ၃ ရက် ည ၈ နာရီ အချိန်ခန့်က လုံခြုံရေးတပ်ဖွဲ့အင်အား ၂၀ ဝန်းကျင်ခန့် လာရောက် ဖမ်းဆီးခဲ့ကြောင်း အဆိုပါမိသားစုဝင်နှင့် နီးစပ်သူက ပြောသည်။

သို့ရာတွင် လက်တစ်ဖက် သေနတ်ကျည်ဆန်ထိမှန်ခဲ့သည်ဆိုသည့် ဒေါ်ခင်အေးမူ၏ ကျန်းမာရေးအခြေအနေကိုလည်း မသိရကြောင်း ၄င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလတွင် အလုပ် နှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ခံထားရသည့် ဒေါက်တာအေးဇံကိုလည်း လက်ရှိကျိုက်မရော အကျဉ်းထောင်၌ နောက်ထပ်အမှုပေါင်း ၁၂ မှု ထပ်မံစွဲဆိုထားသည့်အတွက် ဆက်လက်၍ တရားရင်ဆိုင်နေရဆဲဖြစ်သည်။

March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...