ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသတွင် စစ်ကောင်စီ ကျောက်စိမ်း သင်္ဘော ၂ စီး ပစ်ခတ်ခံရ

ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသတွင် စစ်ကောင်စီ ကျောက်စိမ်း သင်္ဘော ၂ စီး ပစ်ခတ်ခံရ

ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ အနီးတွင် သောင်တင်နေသော စစ်ကောင်စီ ကျောက်စိမ်း သင်္ဘောနှစ်စီးကို ယမန်နေ့ ဇန်နဝါရီလ ၁ ရက်ညနေ ၅ နာရီခန့်တွင် ပစ်ခတ်ခဲ့ကြောင်း သိန်းငှက် ပြောက်ကျား အဖွဲ့က ထုတ်ပြန်သည်။

ထိုသင်္ဘော နှစ်စီးကို လက်လုပ်ဗုံးသီးပစ် သေနတ်၊ လက်လုပ် Auto Gun များဖြင့် ပစ်ခတ်ရာ စစ်ကောင်စီ ဘက်ကလည်း ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိန်းငှက်ပြောက်ကျား တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

"သင်္ဘော နှစ်စီးက မနေ့ကမှ သောင်တင်နေတာ။ ကျွန်တော်တို့က သွားပစ်တာ။ ဟိုဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်ပစ်တယ်။ ကျွန်တော်တို့လည်း လက်နက်ကြီးနဲ့ ငါးချက်လောက် ပြန်ပစ်တယ်။ ကျွန်တော်တို့ ရဲဘော်တစ်ယောက် လက်ထိသွားတယ်။ ဟိုဘက်က ထိခိုက်မှုကိုတော့ မသိရသေးဘူး။ အတည်ပြုလို့ မရသေးဘူး" ဟု ၎င်းက ပြောသည်။

နှစ်ဖက် ပစ်ခတ်မှု ၁၀ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး လက်နက်ငယ်များ ဖြင့် ပြန်လည် ပစ်ခတ်ခဲ့သည်ဟု ၎င်းက ပြောသည်။

ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...