ကော့သောင်းဒေသ ကမ်းရိုးတန်းတပ်ရင်းများတွင် တပ်ပြေးများလာဟု နီးစပ်သည့် ဒေသခံများပြော

ကော့သောင်းဒေသ ကမ်းရိုးတန်းတပ်ရင်းများတွင် တပ်ပြေးများလာဟု နီးစပ်သည့် ဒေသခံများပြော

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင် ခမောက်ကြီးမြို့ အခြေစိုက် စစ်ကောင်စီ တပ်ရင်းများမှ စစ်သားများ ရှေးတန်း မလိုက်လို၍ ထွက်ပြေးသူ များလာကြောင်း အဆိုပါ တပ်ရင်းများနှင့် နီးစပ် သူများထံက သိရသည်။

ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့ အခြေစိုက်အဖြစ် စစ်ကောင်စီ၏ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် လက်အောက်ရှိ တပ်ရင်းများ ဖြစ်သော ခမရ (၂၆၂)၊ (၄၃၁)၊ (၄၃၂) ၊ (၂၈၂) ၊ (၅၈၄) ၊ (၅၈၂)၊ (၅၉၅) (၅၉၂)၊ (၅၉၆)၊ (၅၉၇) စသည့် တပ်ရင်းများ ရှိနေပြီး ယင်းတပ်ရင်းများမှ ထွက်ပြေးကြခြင်း ဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ အတွင်း ကရင်ပြည်နယ်နှင့် အခြားဒေသများသို့ ရှေ့တန်း ထွက်ရန် ယာဥ်များဖြင့် ထွက်ခွာစဥ် လမ်းခရီး၌ ထွက်ပြေး တိမ်းရှောင်ကြခြင်း ဖြစ်သည်ဟု တပ်ရင်းများနှင့် နီးစပ်သည့် ခမောက်ကြီးမြို့ဒေသခံ တစ်ဦးက ပြောသည်။

"ထွက်ပြေးတာကတော့ တပ်ဖွဲ့ဝင် ၂၅ ဦးလောက် ရှိပါတယ်။ တချို့လည်း ပြန်ဖမ်း ခံရသလို လွတ်မြောက် နေသူတွေလည်း ရှိနေတယ်" ဟု ၎င်းက ပြောသည်။

အဆိုပါ တပ်ပြေးများသည် ရှေ့တန်းကို မလိုက်ချင်၍ ခွင့်မဲ့ပြုလုပ်ပြီး ပြေးခြင်း၊ လမ်းခရီးတွင် ကျန်မာရေး အပေါ့အပါး သွားရန် အကြောင်း ပြပြီး ဆီအုန်းတောထဲမှ ထွက်ပြေးခြင်း စသည့် အကြောင်းပြချက်များဖြင့် ထွက်ပြေးသွားခြင်း ဖြစ်ကြောင်း သေခံများက ဆိုသည်။

" အစောပိုင်းမှာ ရှေ့တန်းထွက်မယ် ဆိုကတည်းက စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ထွက်ပြေး နေတာပါ။ သတင်းတွေ ဖုံးဖိ ထားပေမယ့် ထွက်ပြေးတဲ့သူတွေ များလာတော့၊ ဆီအုန်းတောထဲမှာ တောနင်း ရှာဖွေတာ များလာတော့ အခုလို သတင်းတွေ အပြင် ထွက်လာတာ ဖြစ်တယ်" ဟု တနင်္သာရီတိုင်း၊ ဘုတ်ပြင်း မြို့နယ် ဒေသခံ တစ်ဦးက ပြောသည်။

လက်ရှိ ထွက်ပြေးသူ အများစုသည် ဘုတ်ပြင်းမြို့နယ်ရှိ ဆီအုန်းတောထဲသို့ ထွက်ပြေးသွားခြင်း ဖြစ်သည်ဟု ဆိုသည်။

April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...