ဝန်ကြီးချုပ်ဟောင်းဦးညီပုနှင့် ဝန်ကြီးဟောင်းဦးမင်းအောင်တို့ ပုဒ်မ ၁၃၀(က) ဖြင့် ထပ်မံတရားစွဲခံရ

ဝန်ကြီးချုပ်ဟောင်းဦးညီပုနှင့် ဝန်ကြီးဟောင်းဦးမင်းအောင်တို့ ပုဒ်မ ၁၃၀(က) ဖြင့် ထပ်မံတရားစွဲခံရ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုနှင့် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်တို့ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀(က) ဖြင့် ဒီဇင်ဘာ ၂၂ ရက်တွင် ထပ်တိုးတရားစွဲခံလိုက်ရကြောင်း သိရသည်။

ဝန်ကြီးချုပ်ဦးညီပု၏ အမှုကို လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးအေးကျော်သန်းက “ တရားစွဲတယ်လို့တော့ သိရတယ်။ ရာဇသတ်ကြီး ပုဒ်မ ၁၃၀(က)လို့ သိရတယ်။ အဲဒါကလည်း သူတို့ပြောတာ။ ဘာကြောင့်စွဲတယ်ဆိုတာ မသိရသေးဘူး” ဟု ပြောသည်။

ဦးညီပုနှင့် ဦးမင်းအောင်တို့ကို ရာဇသတ်ကြီး ပုဒ်မ ၁၃၀(က) ဖြင့် တရားစွဲရာတွင် တရားလိုမှာ ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးသူရိန်ထွဋ်ဖြစ်သည်ဟု ဝန်ကြီးနှစ်ဦးကပြောကြောင်း ရှေ့နေ ဦးအေးကျော်သန်းက ပြောသည်။

အသစ်တရားစွဲဆိုသည့် ပုဒ်မအတွက် ရှေ့နေများ ကိုယ်စားလှယ်လွှဲစာကို လာမည့် ဇန်နဝါရီလ ၅ ရက်ရုံးချိန်းတွင် တင်သွားမည်ဟု သိရသည်။

သူတို့နှစ်ဦးတွင် ဝန်ကြီးချုပ်ဟောင်းဦးညီပုသည် နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) အတွက် စစ်တွေမြို့နယ်တရားရုံးက အောက်တိုဘာ ၈ ရက်တွင် ထောင် ၂ နှစ်ချမှတ်ခံထားရသည်။

ယင်းအပြင် အခြားဝန်ကြီးအချို့နှင့်အတူ အဂတိလိုက်စားမှုဥပဒေပုဒ်မဖြင့်လည်း တရားစွဲဆိုခံထားရသေးသည်။

August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...