ဝန်ကြီးချုပ်ဟောင်းဦးညီပုနှင့် ဝန်ကြီးဟောင်းဦးမင်းအောင်တို့ ပုဒ်မ ၁၃၀(က) ဖြင့် ထပ်မံတရားစွဲခံရ

ဝန်ကြီးချုပ်ဟောင်းဦးညီပုနှင့် ဝန်ကြီးဟောင်းဦးမင်းအောင်တို့ ပုဒ်မ ၁၃၀(က) ဖြင့် ထပ်မံတရားစွဲခံရ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုနှင့် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်တို့ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀(က) ဖြင့် ဒီဇင်ဘာ ၂၂ ရက်တွင် ထပ်တိုးတရားစွဲခံလိုက်ရကြောင်း သိရသည်။

ဝန်ကြီးချုပ်ဦးညီပု၏ အမှုကို လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးအေးကျော်သန်းက “ တရားစွဲတယ်လို့တော့ သိရတယ်။ ရာဇသတ်ကြီး ပုဒ်မ ၁၃၀(က)လို့ သိရတယ်။ အဲဒါကလည်း သူတို့ပြောတာ။ ဘာကြောင့်စွဲတယ်ဆိုတာ မသိရသေးဘူး” ဟု ပြောသည်။

ဦးညီပုနှင့် ဦးမင်းအောင်တို့ကို ရာဇသတ်ကြီး ပုဒ်မ ၁၃၀(က) ဖြင့် တရားစွဲရာတွင် တရားလိုမှာ ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးသူရိန်ထွဋ်ဖြစ်သည်ဟု ဝန်ကြီးနှစ်ဦးကပြောကြောင်း ရှေ့နေ ဦးအေးကျော်သန်းက ပြောသည်။

အသစ်တရားစွဲဆိုသည့် ပုဒ်မအတွက် ရှေ့နေများ ကိုယ်စားလှယ်လွှဲစာကို လာမည့် ဇန်နဝါရီလ ၅ ရက်ရုံးချိန်းတွင် တင်သွားမည်ဟု သိရသည်။

သူတို့နှစ်ဦးတွင် ဝန်ကြီးချုပ်ဟောင်းဦးညီပုသည် နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) အတွက် စစ်တွေမြို့နယ်တရားရုံးက အောက်တိုဘာ ၈ ရက်တွင် ထောင် ၂ နှစ်ချမှတ်ခံထားရသည်။

ယင်းအပြင် အခြားဝန်ကြီးအချို့နှင့်အတူ အဂတိလိုက်စားမှုဥပဒေပုဒ်မဖြင့်လည်း တရားစွဲဆိုခံထားရသေးသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...