သံတွဲ ရွှေလှေရွာ ဗုံးကြဲခံရမှုကြောင့် ၄ ဦးသေဆုံး

သံတွဲ ရွှေလှေရွာ ဗုံးကြဲခံရမှုကြောင့် ၄ ဦးသေဆုံး

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဇနီးမောင်နှံ ၂ ဦးနှင့် ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ် ၁ ဦး အပါအဝင် ဒေသခံ ၄ ဦး သေဆုံးခဲ့ပြီး၊ ကလေးငယ် ၁ ဦးအပါအဝင် ၂ ဦး ဒဏ်ရာရရှိခဲ့သည်။

သေဆုံးသွားသူများမှာ မဆွေဇင်အေး (၁၇ နှစ်)၊ ဦးမျိုးဇော်ဝင်း (၃၇ နှစ်)၊ ၎င်း၏ဇနီးဖြစ်သူ ဒေါ်မေမြတ်လွင် (၃၇ နှစ်) နှင့် နောက်ထပ် ဒေသခံ ၁ ဦးတို့ ဖြစ်ကြသည်။ ဒဏ်ရာရရှိသူများမှာ ဦးမျိုးဇော်ဝင်း၏ ၁ နှစ်အရွယ် သားဖြစ် သူ မောင်ဉာဏ်လင်းထက်နှင့် အသက် ၅၀ အရွယ် ဦးဇော်သိန်းတို့ ဖြစ်ကြသည်။

သံတွဲမြို့နယ်၊ ရွှေလှေရွာကို ဇူလိုင်လ ၃၁ ရက်နေ့ ညနေ ၃ နာရီခန့်တွင် မြန်မာတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၃၀၀ ဗုံး ၂ လုံး၊ ပေါင် ၅၀၀ ဗုံး ၁ လုံး၊ စုစုပေါင်း ဗုံး ၃ လုံးကို နှစ်ကြိမ်တိုင်တိုင် ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည် ဟု ဒေသခံများက ပြောသည်။

ဗုံးသီးများသည် လင်းသီကျေးရွာနှင့် ရွှေလှေကျေးရွာကြားသို့ ၂ လုံး ကျရောက်ခဲ့ပြီး၊ ဦးမျိုးဇော်ဝင်း၏ ကုန်စုံဆိုင် သို့လည်း ပေါင် ၅၀၀ ဗုံး ၁ လုံး ကျရောက်ပေါက်ကွဲခဲ့သည်။

ထိုသို့ ကုန်စုံဆိုင်အတွင်း ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဆိုင်ပိုင်ရှင် ဦးမျိုးဇော်ဝင်း၊ ၎င်း၏ဇနီးဖြစ်သူ ဒေါ်မေမြတ်လွင်၊ အလုပ်လုပ်နေသူ မဆွေဇင်အေးနှင့် နောက်ထပ် ဒေသခံ ၁ ဦးတို့မှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ရသည်။

သေဆုံးသွားခဲ့သူ ဦးမျိုးဇော်ဝင်းနှင့် ဒေါ်မေမြတ်လွင်တို့၏သားဖြစ်သူ မောင်ဉာဏ်လင်းထက်နှင့် အခြားအရပ် သား တစ်ဦးဖြစ်သော ဦးဇော်သိန်းတို့မှာလည်း ပြင်းထန်ဒဏ်ရာများ ရရှိသွားခဲ့ကြသည်။

ဒဏ်ရာရရှိသွားသူများအား လက်ရှိတွင် အရေးပေါ် ဆေးကုသမှုများ ဆက်လက်ပေးလျက်ရှိသည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဦးမျိုးဇော်ဝင်း၏ ကုန်စုံဆိုင်၊ လူနေအိမ် ၃ ဆောင်နှင့် အိမ်စီးကား ၂ စီးတို့ လည်း ပျက်စီးဆုံးရှုံးခဲ့ရသည်။

စစ်တပ်သည် သံတွဲမြို့နယ်ကို အဓိကပစ်မှတ်ထားကာ ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် အရပ်သားပြည်သူများ သေဆုံးရမှုမှာ တစ်နေ့ထက်တစ်နေ့ တိုးပွားလာနေသည်။

(ပုံဟောင်း / Crd)
August 22, 2026
ပဲခူးတိုင်း၊ ပြည်မြို့သို့ စစ်သားများ တင်ဆောင်လာသည့် စစ်ကား အစီး ၁၀၀ ကျော် ရောက်ရှိလာကြောင်း ပကဖ...
August 21, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၌ ညအချိန် အလုပ်မှ ပြန်လာသည့် လူငယ်တစ်ဦးကို စစ်အုပ်စုတပ်နှင့် ရဲ...
(ဓာတ်ပုံ - Crd)
August 20, 2026
အမ်း-ပဒါန်းလမ်းရှိ နတ်ရေကန်တောင်သို့ ထိုးစစ်ဆင်နေသည့် စစ်အုပ်စုတပ်၏ စစ်ကူစစ်ကြောင်းများ၏ ယာယီ...
August 20, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်၏ ရှေ့ထွက် အဝတောင် ကာကင်းစခန်းများကို အာရက္ခ...