ပခုက္ကူ- ကျွန်းချောင်း ထောက်ပို့ရထားကို PDF များမိုင်းဆွဲတိုက်ခိုက်၊ ရထားခေါင်းပိုင်းပျက်စီးပြီး စစ်သားများ ထိခိုက်မှုရှိဟုဆို

ပခုက္ကူ- ကျွန်းချောင်း ထောက်ပို့ရထားကို PDF များမိုင်းဆွဲတိုက်ခိုက်၊ ရထားခေါင်းပိုင်းပျက်စီးပြီး စစ်သားများ ထိခိုက်မှုရှိဟုဆို

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူမြို့မှ ကျွန်းချောင်းဘက်သို့ စစ်ကောင်စီတပ်များကို ထောက်ပံ့ပို့ဆောင်သော ရထားအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရထားခေါင်းပိုင်းပျက်စီးပြီး စစ်သားများ ထိခိုက်ဒဏ်ရာရမှု ရှိခဲ့သည်ဟု မြစ်ခြေ - ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MC-KC PDF)က  ဒီဇင်ဘာလ ၂၁ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာလ ၂၁ ရက် နံနက် ၈ နာရီ မိနစ် ၃၀ တွင် ပခုက္ကူမြို့ အနောက်ဘက် ၁၀မိုင်ဝန်းကျင် အကွာရှိ နန်းတော်ရပ်ကျေးရွာနှင့် ထန်းပင်ကိုင်းကျေးရွာကြား၌ ထိုထောက်ပို့ရထားအား ပြည်သူ့ကာကွယ်ရေးတပ်များက အဝေးထိန်းမိုင်း လေးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

" ထောက်ပို့ရထားအနေနဲ့ အသွားအလာလုပ်နေတာ ကြာပြီပေါ့။ ကျွန်တော်တို့က အဲ့တာကို ခွဲဖို့အစီအစဉ်ဆွဲထားတာ။ အခုတော့ ခွဲဖြစ်သွားပြီပေါ့။ ထိခိုက်ဒဏ်ရာရတယ်လို့တော့ သိရတယ်။ အသေအပျောက်တော့ မသိရသေးဘူး။ ရထားခေါင်းပိုင်း ပျက်စီးသွားတာနဲ့ ကျွန်တော်တို့လည်း အမြန်ပြန်ထွက်ရတာ၊ သူတို့ နယ်မြေဖြစ်နေတော့၊ နောက်ပိုင်း ဆက်ဖြစ်တဲ့ အခြေအနေတွေကိုတော့ မသိရဘူး " ဟု MC-KC PDF မှ သတင်းပြန်ကြားရေး တာဝန်ခံG-3က မဇ္ဈိမကို ပြောသည်။

ဖောက်ခွဲတိုက်ခိုက်ခံရသည့် ရထားသည် စစ်ကောင်စီတပ်များထံ ရိက္ခာနှင့်စစ်လက်နက်များကို ထောက်ပံ့ပို့ဆောင်ပေးနေသည့် ရထားဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုကို MC-KC PDF နှင့် ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (PPDF) အဖွဲ့တို့ မဟာမိတ်ညီနောင်အဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...
July 27, 2026
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ...
July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...