လေးကေ့ကော်ဒေသကို လေကြောင်းပျံသန်းမှုကင်းမဲ့ဇုံ သတ်မှတ်ပေးရန် KNU တောင်းဆို

လေးကေ့ကော်ဒေသကို လေကြောင်းပျံသန်းမှုကင်းမဲ့ဇုံ သတ်မှတ်ပေးရန် KNU တောင်းဆို

လူသတ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပေါ်စေမည့် လေကြောင်းတိုက်ခိုက်မှုများကို စစ်ကောင်စီမှ အချိန်မရွေး ပြုလုပ်လာနိုင်သည့်အတွက် ကမ္ဘာ့ကုလသမဂ္ဂမှ လေးကေ့ကော်ဒေသကို လေကြောင်းပျံသန်းမှု ကင်းမဲ့ဇုံ သတ်မှတ်ပေးရန် ကရင်အမျိုးသားအစည်းအရုံး (KNU) က တောင်းဆိုလိုက်သည်။

ယင်းအပြင် ၎င်းတို့၏ ကျဆင်းနေသည့် ဂုဏ်သိက္ခာကို ပြန်လည်ထိန်းသိမ်းသည့်အနေဖြင့် ၎င်းတို့၏ တပ်ဖွဲ့ဝင်များအား တိုက်ပွဲဖြစ်ပွားရာ ဒေသများမှ မြန်မာတပ်ဖွဲ့များ ပြန်လည် ရုတ်သိမ်းသွားရန် KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီက ယနေ့ (ဒီဇင်ဘာ ၂၀) ရက်တွင် ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့သည်။

“စစ်ကောင်စီအတွင်းရှိ တပ်ဗိုလ်၊ တပ်မှူးများမှလည်း ကျရှုံးသည့်နိုင်ငံအဖြစ်သို့ ရောက်ရှိနေသော မိမိတို့၏ နိုင်ငံအား ပြည်လည်ကယ်ဆယ်သည့်အနေဖြင့် ပြည်သူလူထုဘက်တွင် ပူးပေါင်းပါဝင်သွားရန်၊ စစ်ကောင်စီ၏ စစ်တပ်က အနာဂတ် နိုင်ငံရေးတွင် ပါဝင်စွက်ဖက်မှုများမှ ဆုတ်ခွာကြောင်း၊ ကတိပေးလုပ်ဆောင်ခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ထူထောင်ခြင်းသည်သာလျှင် နှစ်ပေါင်း (၇၀) ကျော် ကြာမြင့်ခဲ့ပြီး ပိုမိုပြင်းထန်လာနေသည့် ပြည်တွင်းစစ်ချုပ်ငြိမ်းရေး၏ အဖြေသာဖြစ်ကြောင်း” KNU မှ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

တိုက်ပွဲကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသူများအား နိုင်ငံတကာအဖွဲ့အစည်းများ၏ ဝင်ရောက်တွေ့ဆုံခွင့်နှင့် လိုအပ်သည့်အကူအညီများ ပေးအပ်နိုင်ရေးအတွက် ကူညီပံ့ပိုးမှုများ စီစဉ်ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည်။

လက်ရှိတွင် တိုက်ပွဲကြောင့် ထိုင်းနိုင်ငံဖက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်သူ ပြည်သူလူထု (၅၀၀၀) ရှိပြီး အစားအ‌သောက်၊ ဆေးဝါးနှင့် ယာယီခိုလုံရေး လိုအပ်ချက်များ ရှိနေကြောင်း သိရသည်။

March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...