မြန်မာကို ဒေါ်လာ ၃ သန်းတန်ဖိုးရှိ လူသားချင်းစာနာမှုအကူအညီ တောင်ကိုရီးယား ပေးအပ်မည်

မြန်မာကို ဒေါ်လာ ၃ သန်းတန်ဖိုးရှိ လူသားချင်းစာနာမှုအကူအညီ တောင်ကိုရီးယား ပေးအပ်မည်

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို ကူညီတိုက်ဖျက်ရန်အတွက် မြန်မာထံ ဒေါ်လာ ၃ သန်းတန်ဖိုးရှိ လူသားချင်းစာနာမှုအကူအညီများ တောင်ကိုရီးယားက ပေးအပ်သွားမည် ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၇ ရက်တွင် ပြောသည်။

ယခု အကူအညီကို မြန်မာပြည်သူများထံ “တိုက်ရိုက် ပွင့်လင်းမြင်သာစွာ” ပေးပို့ရောက်ရှိစေရန် အသေအချာ လုပ်ဆောင်မည်ဖြစ်ကြောင်း တောင်ကိုရီးယားဝန်ကြီးဌာနက ပြောသည်။ ယခု အကူအညီကို စစ်တပ်က လမ်းကြောင်းလွှဲပြောင်းနိုင်မည့် အရေးကနေ တားဆီးကာကွယ်နိုင်ရန် အလို့ငှာ နိုင်ငံတကာ အဖွဲ့အစည်းများကနေတဆင့် ပေးအပ်မည် ဖြစ်သည်ဟု ဆိုသည်။

အရှေ့တောင်အာရှ မြန်မာနိုင်ငံတွင် ဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းမှုနှင့်အတူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားအရပ်သားခေါင်းဆောင်များ ဖမ်းဆီးထိန်းသိမ်းခံထားခဲ့ရပြီးနောက် နိုင်ငံရေး မငြိမ်မသက်မှုများ ဆက်လက်ဖြစ်ပေါ်နေစဥ် ယခု တောင်ကိုရီးယား၏ အကူအညီ ပေးအပ်မှု ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

အာဏာသိမ်း မြန်မာစစ်တပ်အပေါ် အရေးယူဒဏ်ခတ်သည့် နိုင်ငံတကာ လုပ်ဆောင်ချက်များနှင့်အညီ တောင်ကိုရီးယားအစိုးရသည်လည်း မြန်မာထံ စစ်ဘက်ပစ္စည်းများ တင်ပို့မှုများကို ရပ်ဆိုင်းထားခဲ့သည်။ သို့သော် ယင်းသည် လူသားချင်းစာနာမှု အကူအညီ ပရောဂျက်များကို ဆက်လက်လုပ်ဆောင်မည်ဟု တောင်ကိုရီးယားအစိုးရက ပြောထားခဲ့သည်။

ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...