နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ အမှုတွင် အိမ်အကူကို တရားလိုပြသက်သေအဖြစ် စစ်ဆေး

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ အမှုတွင် အိမ်အကူကို တရားလိုပြသက်သေအဖြစ် စစ်ဆေး

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက သီးခြား စွဲဆိုထားသော ဦးဖြိုးမင်းသိန်းနှင့် ပတ်သက်သည့် အဂတိအမှု တစ်မှုအတွက် ‌ဒေါ်အောင်ဆန်းစုကြည်၏ အိမ်အကူ ဖြစ်သူ ဒေါ်ဝေဝေသန်းကို တရားလိုပြ သက်သေအဖြစ် ယနေ့ ကြားနာ စစ်ဆေးခဲ့ကြောင်း ရှေ့နေ အသိုင်းအဝိုင်းနှင့် နီးစပ်သူများထံက သိရသည်။

ယင်းအမှုသည် ရာဇသတ်ကြီးအမှု အမှတ် (၂) အဖြစ် သတ်မှတ်ထားသော အမှုဖြစ်ပြီး ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ထံ အကယ်ဒမီ အခေါက်ရွှေ ခုနစ်ပိဿာနှင့် အမေရိကန်ဒေါ်လာ ခြောက်သိန်း ပေးခဲ့သည်ဟု ဆိုကာ တရားစွဲဆို ခံထားရသော အဂတိအမှု ဖြစ်သည်။

ရုံးချိန်းကို ယနေ့ နိုဝင်ဘာလ ၃ ရက်တွင် နေပြည်တော် ဇဗ္ဗူသီရိ မြို့နယ် အထူးတရားရုံး၌ ကြားနာ စစ်ဆေးခဲ့ပြီး တရားလိုပြ သက်သေများအဖြစ် ဦးဖြိုးမင်းသိန်း၏ အတွင်းရေးမှူးဟောင်း ဦးမောင်မောင်ကြည်၊ ကားဒရိုင်ဘာ ဦးဖြိုးကိုကိုဝင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ အိမ်အကူ ဒေါ်ဝေ‌ဝေသန်းတို့ သုံးဦးကို စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

အိမ်အကူ ဒေါ်ဝေဝေသန်းက ထွက်ဆိုရာတွင် ဒေါ်အောင်ဆန်းစုကြည်က ယူဆောင် ခိုင်းသည့် ဗုဒ္ဓရုပ်ပွားတော် တစ်ဆူကိုသာ ယူဆောင်ခဲ့ပြီး အခြားမည်သည့် ပစ္စည်းကိုမျှ မတွေ့ရှိရကြောင်း ထွက်ဆိုခဲ့သည်ဟု ရှေ့နေအဖွဲ့နှင့် နီးစပ်သူများထံက သိရသည်။

ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို သီးခြားစွဲဆိုထားသော အဂတိအမှု တစ်မှုတည်းကိုသာ ကြားနာ စစ်ဆေးခဲ့ပြီး စစ်ဆေးလက်စ အခြား အဂတိမှု သုံးမှုအား မစစ်ဆေး ဖြစ်ခဲ့ပေ။ အာဏာသိမ်း စစ်ကောင်စီက အသစ် ထပ်တိုးစွဲဆိုထားသော အဂတိအမှု တစ်မှု အပါအဝင် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိအမှု ငါးမှုဖြင့် တရားစွဲဆို ထားခြင်းဖြစ်ပြီး ယနေ့ရုံးချိန်းတွင် ဦးဖြိုးမင်းသိန်းနှင့် ပတ်သက်သည့် အဂတိ အမှုတစ်မှုကိုသာ တရားရုံးတွင် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် အမှုကို တရားသူကြီးက ဒီဇင်ဘာ ၁၀ ရက်သို့ ပြန်လည် ချိန်းဆိုလိုက်သည်။ ရန်ကုန် တက္ကသိုလ် ရိပ်သာလမ်း ခြံအမှတ် ၆၀ အား ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း ရုံးခန်းအတွက် ငှားရမ်းရာတွင် ကာလပေါက်ဈေးထက် လျှော့ချ ငှားရမ်းသည်ဟုဆိုကာ စွဲဆိုထားသည့် အဂတိ အမှုကို အဆိုပါနေ့တွင် စစ်ဆေးသွားမည်ဟု တရားရုံးက ဆုံးဖြတ်ချက် ချခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိတွင် ဆူပူအောင် လှုံဆော်စေမှု ပုဒ်မ ၅၀၅ (ခ) အပါအဝင် ပို့ကုန်သွင်းကုန်ပုဒ်မ (၈) ၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ (၆၇) ၊ သဘာဝဘေး ပုဒ်မ (၂၅) ဖြင့် နှစ်မှု၊ နိုင်ငံတော်လျို့ဝှက်အက်ဥပဒေပုဒ်မ ၃(၁)(ဂ) နှင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅/၅၆ အမှု များဖြင့် ရင်ဆိုင်နေရသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် ၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် နေရာပြန်လည် ချထားရေးဝန်ကြီး ဦးဝင်းမြတ်အေးတို့ကို သဘာဝဘေး အန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေး ရဟတ်ယာဉ် ဝယ်ယူသည့် ကိစ္စအတွက် နေပြည်တော် ဘုရားကုန်း မြို့မ ရဲစခန်းတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် နိုဝင်ဘာလ ၃၀ ရက်တွင် ထပ်မံ တရားစွဲဆို ခံထားရသည်။

ယင်းအမှု တရားရုံးသို့ တရားစွဲတင် ခံရပါက ဒေါ်အောင်ဆန်းစုကြည်သည် အဂတိလိုက်စားမှု ခြောက်မှု အပါအဝင် စုစုပေါင်း အမှု ၁၂ မှုဖြင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...