စက်လှေသမားက တောင်းပန်၍ ဖမ်းမိ စစ်တပ်ထုတ်ကုန်များ ချင်းတွင်းမြစ်ထဲ ပစ်မချဘဲ ပြန်လွှတ်ပေးခဲ့

စက်လှေသမားက တောင်းပန်၍ ဖမ်းမိ စစ်တပ်ထုတ်ကုန်များ ချင်းတွင်းမြစ်ထဲ ပစ်မချဘဲ ပြန်လွှတ်ပေးခဲ့

ချင်းတွင်းမြစ်ကြောင်းအတွင်း စက်လှေနှစ်စီးဖြင့် တင်ဆောင်လာသော စစ်တပ်ထုတ်ကုန် ပစ္စည်းများကို ဖမ်းဆီးရမိခဲ့သော်လည်း စက်လှေသမားက ပစ္စည်းတန်ဖိုးကို ၎င်းကိုယ်တိုင် ပြန်လည် ပေးလျှော်ရမည်ဟုဆိုကာ တောင်းပန်သဖြင့် ထိုကုန်ပစ္စည်းများကို မြစ်ထဲသို့ ပစ်မချဘဲ ပြန်လွှတ်ပေးလိုက်သည်ဟု နှလုံးလှ လူမိုက်ကြီးများအဖွဲ့က ယနေ့ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

“အကိုတို့က စစ်ကောင်စီပိုင် ပစ္စည်းများမို့ ဖျက်ဆီးမှာ ဖြစ်ပေမယ့် ခုပစ္စည်းများရဲ့ ပျက်စီးမှုတန်ဖိုးအတိုင်း စက်လှေသမားက လျှော်ပေးရမှာ ဖြစ်နေလို့ပါ။ အဲဒါကြောင့် ဒီတစ်ခါ ခွင့်လွှတ်ပေးလိုက်တာပါ” ဟု နှလုံးလှလူမိုက်ကြီးများအဖွဲ့က ပြောသည်။

ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီပိုင် BOC စက်သုံးဆီများကို သံခွံစက်လှေဖြင့် တင်ဆောင်လာမည် ဖြစ်ကြောင်း သတင်းရသည့်အတွက် နှလုံးလှ လူမိုက်ကြီးများအဖွဲ့ (မြင်းခြံ) နှင့် Brothers Revolution Force မြောင်တို့က လှည့်လည်စစ်ဆေးခဲ့ရာတွင် သံခွံစက်လှေ နှစ်စီးအားတွေ့ရှိ၍ သေနတ်ပစ်ဖောက်ကာ ကမ်းကပ်စေခဲ့သည်။

သို့သော် စက်လှေပေါ်တွင် BOC စက်သုံးဆီများ မတွေ့ရဘဲ စစ်တပ်ထုတ်ကုန် ပစ္စည်းများဖြစ်သည့် မြန်မာဘီယာများနှင့် ဒဂုံဘီယာများစွာကို တွေ့ရှိခဲ့ပြီးနောက် မြစ်ထဲသို့ပစ်ချရန် ပြုလုပ်ခဲ့ရာ စက်လှေသမားက တောင်းပန်သည့်အတွက် အနည်းငယ်သာ ပစ်ချခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

အဆိုပါ စက်လှေမောင်းသမားများကို စစ်ဆေးရာတွင် စစ်ကောင်စီ သတင်းပေး၊ ပျူစောထီးဒလန်များ မဟုတ်ကြောင်း စိစစ်တွေ့ရှိရသည့်အတွက် ၎င်းတို့အပေါ် နားလည်ပေးပြီး ပြန်လွှတ်ပေးလိုက်ကြောင်းလည်း နှလုံးလှလူ မိုက်ကြီးများက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်တပ်၏ ဝင်ငွေရလမ်းများကို ဖြတ်တောက်ရန်အတွက် စစ်တပ်ထုတ် ကုန်ပစ္စည်းများအားလုံးကို ဝယ်ယူမသုံးစွဲကြဘဲ သပိတ်မှောက် ဆန့်ကျင်ကြရန် စစ်အာဏာရှင် ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများက တိုက်တွန်း ကြွေးကြော်ထားသည်။

ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...